22

43 4 0
                                    

လင်းရှောင်ယဲ့

အပိုင်း - 22

ထွက်သွား!

ဒါပေမယ့် ဒီလိုအချိန်မျိုးမှာ  လင်းရှောင်ယဲ့ က ပိုတည်ငြိမ်နေသည်။

ထိုအခိုက်တွင် လင်းရှောင်ရှန်သည် တံခါးဝတွင်ရှိနေပြီဖြစ်သော လင်းရှောင်ယနှင့် လင်းရှောင်ယဲ့ကို မြင်လိုက်ကာ ချက်ချင်း ထရပ်လိုက်သည်။

''ငါထင်တာတော့ မင်းက တစ်နေရာရာမှာ  သွားသေနေပြီထင်နေတာ  ဘာဖြစ်လို့  သူ့ကိုခေါ်လာတာလဲ။မင်း အိမ်မှာ  စားစရာ မရှိလို့  လာယူတာလား''

လင်းရှောင်ယဲ့က  ချက်ချင်း အေးစက်စွာ ရယ်လိုက်သည်။ဒါက  အမှန်တစ်ကယ်ကို  အားမကိုးရသော  အဖေတစ်ယောက် ဖြစ်သည်။

''အဖေ  မစိုးရိမ်ပါနဲ့။ငါ့မိသားစုက  လောင်ဟော်က တောယုန်ရိုင်းတစ်ကောင်  ရခဲ့လို့  ငါစားဖို့  ယုန်သားရှိပါတယ်။ အခု အဲဒီအသားတောင်  မစားခဲ့ရသေးဘူး''

ဒီစကားကို ကြားတဲ့အခါ  လင်းရှောင်ရှန်း၏  မျက်နှာက  နီရဲလာပြီး  တံတွေးများကိုသာ  မျိုချလိုက်မိသည်။

''မင်းပြောတာ  ယုန်ရိုင်းတစ်ကောင်လား   အဲဒါကို  ဘာဖြစ်လို့  သားသမီး ဝတ်တရားကျေပွန်မှုကိုပြသဖို့  အဲဒီယုန်ကို မပေးတာလဲ။မြန်မြန်   အဲဒါကို  သွားယူလာခဲ့စမ်း''

လင်းရှောင်ယဲ့ ခြံဝန်းထဲသို့ ရောက်သောအခါ သူမက အဖွားစွန်းကို  ကြည့်ကာပြောလိုက်သည်။
''အဖေ  မင်းပြောသလို  မယူနိုင်မှာဘဲ  စိုးတယ် ။ မင်းက  ဒါကို  မင်းကိုယ်တိုင်ဘဲ  ယူချင်ပြီးတော့  ဘယ်သူ့ကိုမှ  မပေးချင်တဲ့ သဘောလား''

အဖွားစွန်းက သူမ မျက်လုံးကို  လိမ့်လိုက်ပြီး  လင်းရှောင်ရှန်းကို  စူးရှစွာ ကြည့်လိုက်ပြီး  ''မင်းက  ငါ့ကို  မစားစေချင်ဘဲ  မင်းအတွက်ဘဲ  လိုချင်တာလား''

လင်းရှောင်ရှန်းက  ပြောစရာ စကားများ  ပျောက်ဆုံးသွားသည်။သူ့အနေဖြင့်  သူ့စကားနဲ့  သူ ပြန်ထိမယ်လို့  မမျှော်လင့်ထားပေ။လင်းရှောင်ယဲ့ က အဖွားစွန်းနဲ့  တစ်လှေထဲ စီးသူတွေ ဖြစ်လိမ့်မယ်လို့  သူဘယ်တုန်းကမှ  မမျှော်လင့်ထားပေ။သူအကြာကြီး  မအံ့သြရသေးခင်မှာဘဲ

You've reached the end of published parts.

⏰ Last updated: Mar 18 ⏰

Add this story to your Library to get notified about new parts!

လယ်သမား၏ အလိုလိုက်ခံရသော ဇနီးလေးWhere stories live. Discover now