18

21 4 0
                                    

လင်းရှောင်ယဲ့

အခန်း 18 ဘယ်လို ပေါင်မုန့်မျိုးလဲ။

အမေဝမ် ကတော့ ခေါင်းငုံ့ပြီး မျက်ရည်တွေကို သုတ်ရင်း မြေပြင်ပေါ်မှာ ထိုင်နေပါတယ်။

လင်းရှောင်ယဲ့ ရုတ်တရက် သက်ပြင်းချလိုက်သည်။

အဖွားစွန်း က အမေဝမ် ကို အရမ်းအနိုင်ကျင့်တာ အံ့သြစရာတော့ မရှိပါဘူး။သူမမှာသာ ရှောင်ယ လိုမျိုး ဒေါသကြီးရင် သူမအခုလောက် အခြေအနေဆိုးအောင်  အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး

အဲဒါကို တွေးကြည့်ရင် လင်းရှောင်ယဲ့  အပြင်ကို ကြည့်လိုက်တော့ အဖွားစွန်း မရှိတော့တာကို တွေ့လိုက်ရပြီး အမေဝမ်နဲ့ ရှောင်ယ ရှေ့ကို လျှောက်သွားလိုက်သည်။

"ကောင်မလေး  မင်းဘာလို့လိုက်လာတာလဲ" ပြောပြီးတဲ့အခါ လင်းရှောင်ယဲ့က  ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တယ်။

''ကောင်မလေး  ငါပေးခဲ့တဲ့ တောင်းနဲ့ မုန့်တွေ ဘယ်မှာလဲ"

"မန်ထို( ပေါက်စီ) ဘယ်လို မုန့်မျိုးလဲ!"  လင်းရှောင်ယဲ့ စကားပြီးပြီးချင်းမှာပဲ အဖွားစွန်း ရဲ့ကျယ်လောင်သော အသံက အပြင်ကနေထွက်လာပါတယ်။

ဒီအဘွားကြီး စွန်း က ရွှမ်ဖုန် နားများ ကို လေ့ကျင့်ထားတာလားဟ

"မဟုတ်ပါဘူး   ငါ ပြောချင်တာက မင်းကို စိတ်ဆိုးအောင် နောက်ထပ်လုပ်ရဲရင် သူတို့ခေါင်းကို ရိုက်ခွဲပြီး မန်ထို လုပ်ပစ်မယ်လို့ပြောတာပါ" ဒါကိုကြားတော့ အဖွားစွန်း က ငြိမ်သွားသည်။

လင်းရှောင်ယဲ့ သက်ပြင်းချကာ လင်းရှောင်ယရှေ့သို့ အမြန်ဆွဲထုတ်လိုက်သည်။ "ပေါက်စီခြင်းတောင်း ဘယ်မှာလဲ"

ရှောင်ယ က သူမကို ဖြူစင်သောအကြည့်ဖြင့် ကြည့်သော်လည်း သူမမျက်နှာမှာ နီမြန်းနေသည်။

"တောင်ပေါ်မှာ"

လင်းရှောင်ယဲ့ သည် ရုတ်တရက် ဒေါသကြောင့် ဆို့နင့်သွားသည်။

"မေ့လိုက်ပါ  ကံကောင်းစွာပဲ ငါ အဲဒါတွေ နည်းနည်းလေးဘဲ ယူသွားတာ။ နောက်မှ ငါ နဲ့အတူ ပြန်လိုက်ခဲ့ ပြီးရင်  မင်းသေချာ  ဖုံးကွယ်ပြီး ယူလာမှ ဖြစ်မယ်"

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now