3

22 6 0
                                    

အပိုင်း-3
(လူတစ်ဦးအား ကယ်တင်ခြင်း)

''ဒါအမှန်ပဲ  သူမရဲ့အခုပုံစံကိုကြည့်ပါအုံး။သူမကိုကြည့်ရတာ ကြောက်ဖို့ကောင်းတယ်။ဘယ်သူ သိမလဲ သူမသေသွားပြီးတော့ သရဲတစ်ကောင်ဖြစ်လာတာနေမှာ''

''အသံကို တိုးစမ်းပါ  သူများတွေ ကြားသွားဦးမယ်''
လင်းရှောင်ယဲ့ နားထောင်လိုက်တော့ ထို''ကောင်းမွန်သော''  စကားလုံးများကို ကြားလိုက်ရခြင်းဖြစ်သည်။ဒီလိုလူမျိုးတွေကို သူမဆက်ဆံချင်စိတ်မရှိပေ။အခုအချိန်မှာ ဘယ်ဟာက အရေးကြီးကိစ္စလဲ သူတို့ အရေးမစိုက်ပေ။ထိုလူက သူတို့ကို အကျိုးအမြတ်တစ်စုံတစ်ရာ မပေးနိုင်လျှင် ထိုလူက သူတို့အတွက် တန်ဖိုးမရှိပေ။

''ကယ်ကြပါအုံး  ကူညီကြပါ  တစ်ယောက်ယောက်ရေထဲကျသွားလို့''
သူမ အတွေးများနေတုန်း သိပ်မဝေးသော နေရာမှ အော်သံတစ်ခုကြားလိုက်ရသည်။

ရုတ်တရက် မြစ်ဘက်သို့ လူများပြေးလာကြသည်။လူတိုင်းက ပြာယာခတ်ကာ ရှုတ်ရှက်ခတ်နေငောကြောင့်  လင်းရှောင်ယဲ့က စိတ်ဝင်စားသွားမိသည်။

ထိုစဉ် သူမတစ်ယောက်ယောက်စကားပြောနေသော အသံကို ကြားလိုက်ရသည်။

''အာ တစ်ယောက်ယောက်တော့  ရေထဲကျသွားပြန်ပြီ။သွားကြရအောင်  ။တစ်ချက်လောက်သွားကြည့်ရအောင်။

''ကောင်ပြီ။ ဒါ လောင်ဟူရဲ့သားမလား။ ကြည့်ရတာ  သူသေသွားပြီလားမသိဘူး''

''ဘေးကို နဲနဲ လောက်ဖယ်ပေးပါ''

ဘာတွေဖြစ်နေမှန်း  သူမ  မသိတဲ့အတွက်  လည်ပင်းဆန့်ကာ  လှမ်းကြည့်လိုက်သည်။

လင်းရှောင်ယဲ့သည်  အခြားသူများက  သူမကို လှောင်ပြောင်တာကို  မလိုလားပေ။အထူးသဖြင့်  အခုလိုအခြေအနေမျိုးမှာပေါ့။အခုလို လူများသော နေရာမျိုးကိုသွား၍ အခြား သူများနှင့်  ပြဿနာ မဖြစ်ချင်ပေ။

သို့သော်လည်း ဆရာဝန်တစ်ဦးအနေဖြင့်  သူမသည်  လူနာကိုမျက်နှာလွှဲ လစ်လျှူရှုဖို့ရန်  သူမစိတ်ထဲ ဘယ်လိုမှ လိပ်ပြာမသန့်ပေ။အသိစိတ်နဲ့ ဝတ္တရားက လွန်ဆွဲနေပြီး  သူမ၏ ခြေလှမ်းများက  လူအုပ်ကြီးဆီ  တရွေ့ရွေ့ ရောက်လာသည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now