15

23 5 0
                                    


အပိုင်း-15

လယ်သမား၏ အလိုလိုက် အကြိုက်ဆောင်ခြင်းခံရသောဇနီး:ကောက်ပဲ သီးနှံများစိုက်ပျိုး၍ မုန့်လုံးလေးအား ပြုစုပျိုးထောင်ခြင်း

အမေဝမ်သည် ယခု အချိန်တွင် အံ့အားသင့်နေပြီး တွေဝေ ငေးငိုင်နေကာ အရင်အချိန်မှ အံ့သြမှုများမှ ရုန်းမထွက်နိုင်သေးခင် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ့ပန်းကန်လုံးထဲတွင် နောက်ထပ် ဖက်ထုပ်တစ်ခုကို တွေ့လိုက်ရသောအခါင သူ့မျက်လုံးထဲတွင် မျက်ရည်များ ရုတ်တရက် စီးကျလာသည်။

တူနှစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး တုန်ရီနေသောလက်တွေ့နဲ့ ဖက်ထုပ်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဖက်ထုပ်ရဲ့ ကောင်းမွန်သော အရသာနှင့်  အမွှေးအကြိုင်ကို ပါးစပ်ထဲ၌ ခံစားလိုက်ရပြီး သူမအိပ်မက်မက်နေတာ မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။ (အရေး အသား မပြေပြစ်မှာ စိုးလို့ အကြိမ်ကြိမ် ပြန်ဖတ်လိုက်  ပြန်ဖျက်လိုက်နဲ့)

မျက်ရည်များ ပြည့်နေသော မျက်လုံးတစ်စုံနဲ့ လင်းရှောင်ယဲ့ကို မော့ကြည့်လိုက်တော့ မျက်ရည်တွေက ချက်ချင်းဆိုသလို သူမ့ပါးပြင်ပေါ် ကျဆင်းလာခဲ့သည်။

"ရှောင်ယဲ့ ဒါတကယ်ပဲ မင်းလုပ်ခဲ့တာလား"

သူမရဲ့  ပေါက်စီ သေးသေးလေးက ရော စားပြီးပြီလား

ပြီးတော့  ခေါက်ဆွဲဖြူ ရော ရှိသေးတာလား

လင်းရှောင်ယဲ့က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ် အမေ ပိုပြီး  များများလေးစားလိုက် ပါ"

စကား ဆုံးပြီးနောက် လင်းရှောင်ယဲ့ သည် သူမအတွက် ဖက်ထုပ်နှစ်ထုပ်ကို ထပ်ထည့်ပေးလိုက်သည်။

ထို့နောက် ရှောင်ယ ကို ကြည့်လိုက်သည်။ ''ကောင်မလေး  မနက်ဖြန်ကစပြီး မင်းငါ့ဆီ မနက်တိုင်းလာခဲ့ မင်းနဲ့အမေ့ အတွက် အိမ်မှာစားဖို့ ငါတစ်ခုခုလုပ်ပေးမယ်"

ကလေးမလေးက တုန်လှုပ်သွားပြီး  သူမလက်ထဲက  ဖက်ထုပ်တွေက ပန်းကန်ပြားပေါ် ပြုတ်ကျသွား ခဲ့သည်။ "မင်းက ငါ့  နဲ့ အမေ့အတွက်  အစားအစာ လုပ်ပေးမယ် ဟုတ်လား"

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now