1.2

25 5 0
                                    

အပိုင်း ၁ အဆက်

အဆက်
ဟမ့်!!  . . .  ဒီနေ့ငါ အပြင် မထွက်နိုင်ဘူးဆိုတာ ငါမယုံဘူး။

သူမပတ်ပတ်လည်ကို မြန်မြန် လှည့်ပတ်ကြည့်လိုက်သောအခါ မဲညစ်နေသော အဝတ်အစားတစ်ချို့သာ တွေ့လိုက်ရသည်။သူမတုန်လှုပ်သွားခဲ့ပြီး  ၎င်းကို ယူကာ သူမခန္ဓာကိုယ်အား ပတ်လိုက်သည်။ကံကောင်းစွာနဲ့ ၎င်းက လုံလောက်အောင်ကြီးမားနေသည်  ။၎င်းကို တာဝါအဖြစ် အသုံးပြုလို့ရနိုင်သည်။

သူမက တံခါး၏ အက်ကွဲကြောင်မှ အပြင်သို့ချောင်းကြည့်လိုက်ပြီး အပြင်မှာ  ဘယ်သူမှ  မရှိဘူးဆိုတာ သေချာမှ တံခါးကိုဖွင့်ကာ  အိပ်ခန်းဆီ တစ်ဟုန်ထိုး ပြေးလိုက်သည်။(😂😂😂ကိုယ်တေလိုမျိုး)

ဟော်လီက သူ့ကို  လေပြင်းဖြတ်တိုက်သွား သလိုမျိုးခံစားလိုက်ရပြီး  သူက အလုပ်ကိုရပ်တန့်ကာ ကြည့်လိုက်ပြီး မျက်မှောင်ကြုပ်ကာ

အရှက်မရှိလိုက်တာ!!

"အိုး  ခုမှဘဲ သက်တောင့်သက်သာရှိတော့တယ်''
လင်းရှောင်ယဲ့က တံခါးကို ဆွဲကာ တွန်းဖွင့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

''အဟွတ်. . . . အဟွတ်''
သို့သော်လည်း  သူမခန္ဓာကိုယ်၌  အနံ့နည်းနည်းထွက်နေသေးသည်။

သို့သော်လည်း  သူမက  ဘယ်သူမို့လဲ။မျိုးဆက် ၃၃ဆက်အထိ တရုတ်တိုင်းရင်းဆေး နည်းပညာအားလက်ဆင့်ကမ်း အမွေဆက်ဆံလာသော မိသာစုမှ  ဆင်းသက်လာသော  ဆက်ခံသူဖြစ်သည်။ဒါက ပြောပါးလောက်သော ကိစ္စ မဟုတ်ပေ။

အပြင်ရောက်သောအခါ သူမက  အခြားသော အဖာအစပ်များနှက့် အဝတ်များအား ဝတ်ဆင်ထားသည်။သူမ အပြင်ထွက်လာသောအခါ  ဟော်လီတစ်ယောက် ရစ်ငှက်အသားကို ခုတ်ထစ်နေတာကို တွေ့လိုက်ရသည်။

''ကျွန်မတို့  ဒီနေ့ရစ်ငှက်အသား စားကြမှာလား''
''အမ်း''  ဟော်လီက ခေါင်းကိုမော့မလာဘဲ ဝဋ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။
လင်းရှောင်ယဲ့က ခေါင်းငြိမ့်လိုက်ပြီး
''ကောင်းပြီ   ဒါပြီးလို့  ရှင်ခုတ်ထစ်ပြီးရင် အဲဒါကို မီးဖိုချောင်ထဲယူခဲ့။ကျွန်မ မီးဖိုချောင်ထဲမှာ  ရေနွေးအရင်ဆုံးကြိုထားလိုက်မယ်။ပြီးရင်  ၂ယောက်လုံးအတွက်  ရစ်ငှက်သားကို  စပ်စပ်လေး  ချက်ပေးမယ်။

ထို့နောက် သူမက  သူမ အကျၤီလက်အား လိပ်တင်ကာ  မီးဖိုချောင်ဘက်သို့ထွက်သွားခဲ့သည်။သူမဟာ အခုထိ အားနဲကာ  ဆာလောင်နေခဲ့သည်။ထို့ကြောင့်  ဗိုက်ပြည့် လာအောင်အရင်ဆုံး  စားသောက်ရမည်။ပြီးမှ  ကျန်သောကိစ္စများအား
ဆောင်ရွက်ရလိမ့်မည်။

ဟော်လီက  စိတ်ပျက် အံ့အားသင့်သွားခဲ့သည်။
ရစ်ငှက်အစပ်လား။သူမက  ချက်မှာလား
လင်းရှောင်ယဲ့က မီးဖိုချောင်ရောက်တဲ့အခါ  ပတ်ပတ်လည်ရှိ  ဟင်းခတ်အမွှေးအကြိုင်များ  ရှာဖွေလိုက်သည်။ညေးဘက်နေရာ ၌  ဆားမှလွဲ၍  ဘာမှ မရှိပေ။

အကယ်၍  စကားလုံးအဓိပ္ပါယ်များ 
ဖတ်၍အဆင်မပြေခဲ့ရင်  ဘာသာပြန်သူ  လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်ရှင်။
အပိုင်း -၁ တောင် အရမ်းရှည်ပါတယ်နော်။ကိုယ်အရမ်းကြိုက်တဲ့ novel  လေးမို့  ဆက်ပြီး ပြန်ပေးလိုက်ပါတယ်ရှင်။e  tran မှာ ongoing ကိုမှှ  532 ထိရောက်နေပြီမလို့  ရှေ့ကို ဘာတေဆက်ဖြစ်မှာလဲ  အရမ်းတေ  သိချင်နေပါပြီနော်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးDonde viven las historias. Descúbrelo ahora