17

24 4 0
                                    

လင်းရှောင်ယဲ့

အခန်း 17

ငါ့အိမ်က ထွက်သွားစမ်း!!

အမေဝမ် အကြောင်းပြောသောအခါ လင်းရှောင်ယ သည် နီမြန်းသောမျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။

"မင်းအမေ့  အကြောင်းကို  မေးစရာမျက်နှာရှိသေးတယ်လား မင်းအတွက်ကြောင့်သာ မဟုတ်ရင် အမေ မနေ့က  ဟိုအဘွားကြီး  ရိုက်တာကိုခံရမှာ မဟုတ်ဘူး"

"ဘာ!!!!" လင်းရှောင်ယဲ့ အံ့သြသွားသည်။

ဒီမိန်းမယုတ်ကြီးကတော့  အားနည်းတဲ့သူကိုဘဲ အမြဲတမ်း အနိုင်ကျင့်ရတာ ဝါသနာတစ်ခုလိုဖြစ်နေပြီ

အဲဒီအကြောင်းကို တွေးရင်း လင်းရှောင်ယဲ့ က  သူမ လက်သီးကို  ကျစ်ကျစ်ပါအောင်  ဆုပ်လိုက်ပြီး  လက်ထဲက တောင်းကို လင်းရှောင်ယ ကို ပေးလိုက်တယ်။

"ယူလိုက်!!!"

စကားပြောပြီးနောက် ထကာ လင်းအိမ်  ဘက်သို့ သွားခဲ့သည်။

လင်းရှောင်ယ သည် လင်းရှောင်ယဲ့ သည် အဖွားစွန်း နှင့် နောက်တစ်ကြိမ် လက်တွဲကာ အမေဝမ်ကို  ထပ်အနိုင်ကျင့်မည်ကို စိုးရိမ်နေပြီး သူမလက်ထဲတွင်ရှိသော မုန့်များကို ထားမခဲ့နိုင်သောကြောင့် အမြန်ယူကာ လင်းရှောင်ယဲ့ နောက်လိုက်သွားခဲ့သည်။

လင်းရှောင်ယဲ့ ကတော့  ထုံးစံအတိုင်း သူ မပြင်ဆင်ရသေးတဲ့ တိုက်ပွဲတွေကို မတိုက်ပါဘူး။အမေဝမ်၏ စိတ်နေစိတ်ထားအရ ထိုအခန်းတွင် နေခဲ့ရပြီး တနေကုန် အနိုင်ကျင့်ခြင်း ခံခဲ့ပုံရသည်။

ဒါပေမယ့် အဲဒီ  ခွေးအိမ်က  အခြားလူတွေကရော ဒီအတိုင်း ကြည့်နေကြတာလား။

ဒါကိုတွေးပြီး လမ်းလျှောက်လာကာ လင်းရှောင်ယဲ့ က လင်းမိသားစုနေအိမ်ရဲ့ ခြံစည်းရိုးအပြင်ကို ရောက်လာသည်။

ဒီခြံက သူ့မအိမ် ထက်အများကြီးပိုကျယ်တယ်။ ခြံထဲတွင် အိမ်သုံးအိမ် ရှိပြီး အပြင်ဘက်ရော  အတွင်းဘက်ပါ အတော်လေး ကျယ်ဝန်းသော ခြံဝင်းဖြစ်သည်။

သူမမှာ ဒီလောက်ကြီးတဲ့ ခြံတစ်ခုရှိနိုင်ရင် အိမ်ကြီးကြီးတစ်လုံးဆောက်ရမယ်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now