19

21 4 0
                                    

လင်းရှောင်ယဲ့

အခန်း 19 နားလည်မှုလွဲမှားမှုကြီး။

သူမကစကားပြောနေရင်း  သူ့လက်ထဲက ယုန်ကို  ဖမ်းကိုင်တော့မည်ပြုလိုက်သော်လည်း ဟော်လီ သည် သူ့လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး သူမ မထိမီ ရှောင်လိုက်သည်။

ဟော်လီ က သူမကို မျက်စိမှေးပြီး ကြည့်လိုက်သည်။

သူ့လှုပ်ရှားမှုက မြန်လွန်းလို့  ဖမ်းမ မိလိုက်ပေ။

လင်းရှောင်ယဲမှာ စိုးရိမ်လာသည်။

"ရှင်ဘာလို့ ဝှက်နေတာလဲ။ ဒီယုန်ကို အရင်  ချထားလိုက်အုံး"

ဟော်လီ ရုတ်တရက် သူမကို နှာခေါင်း ရှုံ့လိုက်သည်- "မင်းပြောတဲ့ အတိုင်း  ငါက  ဘာလို့ လုပ်ရမှာလဲ"

သူမ့ကိုသာ  ယုန်ကို သိမ်းခိုင်းထားမယ်ဆိုရင်  ခဏနေ  လိုင်ဝမ်ကွေ့ ဆီကို  ရောက်နေမှာ  စိုးရသည်။ကြည်ရတာတော့ အဲဒီနေ့က သူမရဲ့ လုပ်ရပ်တွေက  လူအားလုံးကို  ပြဖို့ ဒရာမာခင်းတာဘဲ ဖြစ်မယ်။

လင်းရှောင်ယဲ့ က သူ့ကို ရှင်းပြဖို့ အချိန်မရှိသလို သူ့ရဲ့ ယုန်ကို ရောင်းချတဲ့လုပ်ငန်းကိုလည်း မနှောင့်နှေးစေလိုတာကြောင့် အိမ်ထဲကို အမြန်ပြေးပြီး ကတ်ကြေးကို ထုတ်ယူလာခဲ့သည်။

"ရှင်မြန်မြန်ချလိုက်   ကျွန်မ  ရှင့်ကို  ပြန်ပေးမှာပါ"

ထိုစကားပြောပြီးနောက် လင်းရှောင်ယဲ့ သည် ယုန်ကို ယူတော့မလို လုပ်လိုက်သည်။

ဟော်လီ၏ လက်သည် ရုတ်တရက် တင်းကြပ်သွားကာ လင်းရှောင်ယဲ့  သည် ယုန်ကို  မည်သို့ပင် ဖမ်းဆုပ်ပါစေ  မရခဲ့ပေ။

လင်းရှောင်ယဲ့ ဒေါသထွက်လွန်းလို့ သူ့ကို စိန်ခေါ်သလို စိုက်ကြည့်လိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ ယုန်ကိုကျွန်မကို ပေးပါ၊ဒီလိုဆက်လုပ်နေရင် ကျွန်မ ရှင့်ရဲ့အရောင်းအဝယ် လုပ်ငန်းကို နောက်ကျအောင်  လုပ်မိလိမ့်မယ်"

ဟော်လီက သူ့မျက်ခုံးကို ပင့်လိုက်သည်။ စီးပွားရေးလုပ်ဖို့ဟုတ်လား ။သူမက ယုန်ကိုယူချင်ပြီး သူ့အရောင်းအဝယ် လုပ်ငန်းအကြောင်းပြောဖို့ မျက်နှာ ရှိသေးတာလား။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now