9

23 4 0
                                    

အပိုင်း-9

ကျေးဇူးတင်ပါတယ်. . . သားလေးရေ

ထို့နောက် လင်းရှောင်ယဲ့က ဟော်လီ၏ ပါးကို ပွတ်လိုက်သည်။ထို့နောက်  သူမက  သူမလူ၏ လက်မောင်းကို ဖက်ထားလိုက်သည်။

သို့သော်လည်း  ဘာကြောင့်မှန်းမသိ ဟော်လီ၏ မျက်နှာက မီးသွေးထက်ပင်ပို၍ မည်းမှောင်လာသည်။

သူတို့ကိုကြည့်ကာ အခြားသော အမျိုးသမီးများက ပျင်းရိလာကြသည်။သာမာန်အားဖြင့်  သူတို့က လင်းရှောင်ယဲ့က သူမကိုယ် သူမ ဟာသလုပ်မှာကို ကြည့်ချင်နေကြတာဖြစ်သည်။ကံမကောင်းစွာပဲ  သူမက  သူတို့ကို ထိုဟာသကို မြင်ခွင့်မပေးပေ။

အန်တီချန်က  ခပ်တိုးတိုး ရေရွတ်လိုက်သည်။
''ဒါက အမျိုးသားတစ်ယောက်ပဲမလား။ဘာဂုဏ်ယူစရာရှိလဲ။မသိရင် သူလူကို လုမှာကျ''

အခြားသောအမျိုးသမီးများ၏  မျက်နှာများလည်း မကောင်းကြပေ။အထင်သေးသော ပုံများက သူတို့မျက်နှာထက်၌  ချိတ်ဆွဲထားသည်။

ဟော်လီက  ပိုက်ဆံအများကြီး မရှိတာတောင်မှ  ရွာမှ  မိန်းကလေးများက ကြိုက်ကြသေးသည်။သူမတို့က လက်ထပ်ပြီးသား အမျိုးသမီးများဖြစ်သော်လည်း  သူတို့ကို မနာလို အားကျမိသေးသည်။

လင်းရှောင်ယဲ့ကသူမ၏ မေးကို မော့ထားလိုက်သည်။

ရှင်တို့က  ကျွန်မဟာသလုပ်မှာကြည့်ချင်နေကြတာလား
စဉ်းတောင်မစဉ်းစားနဲ့

သိပါမကြာခင်မှာဘဲ နွားလှည်းက  ရွာသို့ပြန်ရောက်လာသည်။ဟော်လီက အရင် နွားလှည်းပေါ်မှ ဆင်းလိုက်သည်။သူက ဝယ်လာသော ပစ္စည်းများကို အိမ်သို့သယ်ပြီးထွက်မသွားခင်  လင်းရှောင်ယဲ့က  သူမလက်ကို  ဝှေ့ယမ်းလိုက်ပြီး 

'' ဟော်လီ  ဒီကိုလာပါအုံး  ကျွန်မကို  လက်ကမ်းပေးပါအုံး  ဒီလှည်းက  အရမ်းမြင်လွန်းတယ်  ကျွန်မသာခုန်ဆင်းရင်  ခြေထောက်တွေတော့  သေချာပေါက်  ကျိုးလိမ်မယ်''

သူမ အသံကိုကြားသောအခါ  များစွာသော  အမျိုးသမီးများက  သူမအား  မနှစ်မြို့စွာ  ကြည့်လိုက်သည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now