21(Z&U)

24 4 0
                                    

လင်းရှောင်ယဲ့

21

အမေ့ကို  ကယ်ပေးပါ

"အမေ ကြည့်ပါဦး သူတို့မှာ ဒီလောက်ကြီးတဲ့ ဘန်းမုန့်လုံးကြီးတွေတောင် ရှိနေတယ်။ ငါတို့ မိသားစုကတောင် ဒါမျိုး မစားနိုင်ဘူး။ ဒီပေါင်မုန့်တွေကို  သူတို့ ဘယ်ကရလာတာလဲဆိုတာ  ကျွန်မတို့လည်း  မသိရပါလား"

လောရှီ က ထူးဆန်းသောလေသံဖြင့် မီးထိုး ပြောသော်လည်း သူမ့မျက်လုံးများက သူမ့ရှေ့ရှိ  ဘန်းမုန့်ဖြူဖြူ ကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။

ဒါကိုကြားတဲ့အခါမှာ  လင်းရှောင်ရှန်က ချက်ချင်း  ရှေ့တိုးကာ  သူ့ရှေ့မှာရှိတဲ့  ဘန်းမုန့်ဖြူဖြူကို  စိုက်ကြည့်နေရင်း  တံတွေးကို မျိုချလိုက်ပြီး သူက အမျိုးသမီးဝမ်ကို စိုက်ကြည့်ကာ

''မရီးက  မေးနေတယ် မင်းတို့ကို ဘယ်သူက ဒီဘန်းမုန့်ကို ပေးတာလဲ''
(ခွေးလိုယောက်ကျား)

မစ္စဝမ်သည် ချက်ချင်းပင် မျက်မှောင်ကြုပ်လိုက်ပြီး  သူမ၏မျက်နှာပေါ်တွင် သနားစရာကောင်းသောအကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။ သူမ၏ နှလုံးသားသည်လည်း အနည်းငယ် တုန်လှုပ်သွားသည်။

သူမ  အနေဖြင့်  သေချာပေါက် လင်းရှောင်ယဲ့အကြောင်းကို မပြောပြနိုင်ပေ။နောက်ဆုံးမှာတော့  သူမ သမီးက သူမအမေအပေါ်  သိတတ်လာပြီး အခုမှ  အမြင်မှန် ရလာတာဖြစ်သည်။

ထိုသို့တွေးတောရင်း   ဘာလုပ်ရမှန်းအသ် သဖြင့်  စိတ်ပူပန်စွာဖြင့်  သူမလက်ချောင်းများကို လိမ်နေသည်။

ထိုခဏမှာဘဲ  လင်းရှောင်ယက ရှေ့ကို ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
''အဘွား  ကျွန်မကို  ဦးလေး လီကျန့်က ဒီဘန်းမုန့်ကို ပေးခဲ့တာ။သူက  အိမ်မှာ  ဘာမှ စားစရာမရှိသလို  အမေ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း  မကောင်းတာ မြင်လို့ ပေးခဲ့တာပါ''

ထိုသို့ပြောပြီးနောက်  လင်းရှောင်ယက  အပြစ်မကင်းသလို သူမ၏ လက်သီးကို  ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

ဒါကို  ကြားတဲ့အခါမှာ  လင်းရှောင်ရှန်းက  ခေါင်းငြိမ့်လိုက်သည်။

လယ်သမား၏ အလိုလိုက်ခံရသော ဇနီးလေးWhere stories live. Discover now