8

22 5 0
                                    

အပိုင်း-8
##ရှင် သူမကို ကြိုက်လား##

အချိန်ဘယ်လောက်ကြာအောင် သူမလမ်းလျှောက်ခဲ့မှန်း  မမှတ်မိတော့ပေ။ရုတ်တရက်  သူမ  ရင်းနှီးသော မျက်နှာ တစ်ခုကို တွေ့လိုက်ရသည်။

၎င်းက  ဟော်လီပင်။

'အမ်  😳😳😳. .  . .  ဟော်လီရဲ့ နောက်က  မိန်းကလေးက  ဘယ်သူပါလိမ့်'

''အစ်ကိုဟော်  ဒီပိုက်ဆံအိတ်လေးက    လွန်ခဲ့တဲ့ ၂  ရက်ကဘဲ  ညီမ  ပန်းထိုးပြီး  ချုပ်ထားတာ။ရှင်  ဒါကို  သိမ်းထားလို့ရတယ်။ဒါကို ရှင်  ပိုက်ဆံလိုမျိုးတစ်ခုခု ထည့်တဲ့အခါ  အသုံးပြုလို့ရတယ်''

စွေ့ အာက ပိုက်ဆံအိတ်လေးကို ကမ်းရင်း  ခေါင်းလေးကိုငုံ့ကာ  တယောကဲ့သို့ ချစ်စဖွယ်အသံလေးဖြင့်  ရှက်ရွံစွာပြောလိုက်သည်။

ဟော်လီက  သူမကိုတစ်ချက်ကြည့်လိုက်ပြီး  ''မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ငါက  လူကြမ်းတစ်ယောက်ပါ။ဒီလိုမျိုးနူးညံ့လှပတဲ့  ပစ္စည်းမျိုးက  ငါနဲ့မလိုက်ပါဘူး''

ထိုသို့ပြောပြီးနောက်  ဟော်လီက  ရစ်ငှက် ၂ကောင်ကို  ယူလိုက်ပြီး

''ဒီမှာ မင်းရဲ့  ရစ်ငှက်ပါ''

စွေ့အာ က  သူမ၏  ပိုက်ဆံအိတ်လေးကို မကျေမနပ် ယူလိုက်ရင်း လက်သီးဆုတ်ကာ

''အစ်ကိုဟော်  ရှင်ကျွန်မကို  စိတ်ဆိုးနေသေးတာ သိပါတယ်။ကျွန်မ  ရှင့်ကို  တစ်ကယ်လက်ထပ်ချင်တာပါ။ဒါဗေမဲ့  အမေ  သူမက. . . .''

စွေ့အာ၏  စကားဆုံးအောင်  မစောင့်ဘဲ့  ဟော်လီက စကားဖြတ်ပြောလိုက်သည်။

''စွေ့အာ  မိန်းကလေး  ကျွန်တော် ဆိုင်သိမ်းတော့မှာပါ''

စွေ့အာက  သူမ ပါးစပ်ကိုပိတ်လိုက်ပြီး  ဟော်လီကို ကြည့်ကာ  သူမမျက်နှာကဖြူဖျော့နေပြီး  တစ်ခုခုကို ပျောက်ဆုံးသွားသလိုမျိုး သူ့ကို  ဆွေးဆွေး မြေ့မြေ့ ကြည့်နေလေသည်။

''အစ်ကိုဟော်   စွေ့အာမနက်ဖြန်  ထပ်လာခဲ့အုံးမယ်''

ထို့နောက်  စွေ့အာက  ရစ်ငှက်နှစ်ကောင်အား  စွဲကာ  စိတ်ဓာတ်ကျစွာ ပြန်သွားခဲ့သည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးTahanan ng mga kuwento. Tumuklas ngayon