14

22 6 0
                                    

လယ်သမား၏ အလိုလိုက် အကြိုက်ဆောင်ခြင်းခံရသောဇနီး:ကောက်ပဲ သီးနှံများစိုက်ပျိုး၍ မုန့်လုံးလေးအား ပြုစုပျိုးထောင်ခြင်း

အပိုင်း-၁၄

ဒါ လူ့တစ်ယောက်ရဲဘဝ မဟုတ်ဘူး!

"သမီးငယ်၊ မလုပ်နဲ့၊ မင်းအစ်မအကြီးဆုံးကို ဒီလို မပြောနဲ့၊ အားလုံးအမေ့ အပြစ်တွေပါ၊ အမေ မကောင်းလို့  ခုလို ဖြစ်ရတာ..."

အမေဝမ် က လင်းရှောင်ယ ၏လက်ကို အားပျော့စွာ ဆွဲလိုက်သည်။

ထိုအသံကိုကြားတော့  လင်းရှောင်ယဲ့ သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ မူလပိုင်ရှင်က တကယ်ကို လူယုတ်မာတစ်ယောက်ဘဲ  သားသမီး ဝတ်ကိုလည်း  မကျေပွန်ဘူး၊ အခုလို ဖြစ်ပျက်ခဲ့တာ သူမနဲ့  တကယ်ထိုက်တန်ပါတယ်။

ဤဝမ်မျိုးရိုးသည် သနားစရာဖြစ်ပြီး ပြောရမယ်ဆိုရင် သည်လောကရှိ  သူမ၏ မိဘများက သနားစရာကောင်းလှသည်။ ဒီအချိန်ရောက်နေတာတောင်   သူ့မ သမီးကို ကူညီနေတုန်းပါဘဲ။

ဟုတ်ပါတယ် အခု သူမ မူလပိုင်ရှင်ခန္ဓာကိုယ်ကိုယ် ယူလိုက်ပြီဆိုတော့ သူ့မရဲ ကျေးဇူးကြွေးတွေကို သူမ ဆပ်နေရအုန်းမှှာပါ

"ကောင်မလေး  မြန်မြန်လာ  အမေ့ကို ငါ့အိမ် ဆီကို သွားဖို့ ကူညီပါဦး၊ ငါ့ဆီမှာ စားစရာနည်းနည်းကျန်သေးတယ်၊ မင်းနဲ့အမေ အရင်ဆုံး  ထမင်းစားမှ ဖြစ်မယ်"

ဒီ အသံကြားတော့ အားလုံး အံ့ဩသွားကြသည်။

"အိုး  ျလာင်ဟော်ရဲ့ ဇနီးက တကယ်ကို  ပြောင်းလဲသွားပြီ။ အရင်က သူမက  အရမ်းတွန့်တိုတတ်ပုံမျိုးနဲ့ဆို  သူမ အမေကို  ထားခဲ့မှာ။ဒီနေ့ဘာလို့ အိမ်ကို  ပြန်ခေါ်သွားချင်တာလဲ"

"မှန်တယ်  အရင်က သူမလုပ်ခဲ့တဲ့အရာတွေကို စဉ်းစား ကြည့်ရင် တစ်ခုခု ကြံစည်နေတာ ဖြစ်နိုင်တယ်၊ အရင်တုန်းကတော့ သူမက တကယ်လူစိတ်ရှိတာ  မဟုတ်ဘူး"

"သြော်... အားလုံးပဲ စကားနည်းနည်းလောက် လျော့ပြောကြပါ။ အန်တီဝမ်ကို ကြည့်စမ်း၊ အခု သူမ   စားစရာ  တစ်ခုခုကို မြန်မြန် မစား   ရ  ရင်  သေလိမ့်မယ်!"

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWhere stories live. Discover now