11

19 3 0
                                    

အပိုင်း - ၁၁

သူခိုးဖမ်းခြင်း

ထိုအချိန်၌  လိုင်ဝမ်ကွေ့က  လင်းရှောင်ယဲ့ကို  မြင်လိုက်ရသဖြင့်  သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

လင်းရှောက်ယဲ့  ရှော့ရသွားသည်။

ဒီလူက ဘာလုပ်နေတာလဲ။အခုထိ  သူမဆီက  ချူစားချင်နေတုန်းလား

အရင်တစ်ခါတွေ့တုန်းက  ထိုသူပြောခဲ့တာကို သွားတွေးမိကာ  သူမ ထိုလူ ဘာဖြစ်ချင်နေလဲ နားလည်သွားခဲ့သည်။

ကောင်ပြီ  ဒီကပ်ပါးကောင်ကတော့
လင်းရှောင်ယဲ့က  ထိုလူ့ကို  အာရုံစိုက်ရမှာ  ပျင်းလွန်းနေသည်။ထို့ကြောင့်  ချက်ချင်း  မသိချင်ယောင်ဆောင်လိုက်သည်။

လိုင်ဝမ်ကွေ့မျက်မှောင်ကြုပ်လိုက်သည်။

ငါလက်ဝှေ့ယမ်းပြတာ  ကြာပြီလေ။လင်းရှောင်ယဲ့  ငါ့ကို  မမြင်လို့လား  ဘာလား

သူကချက်ချင်း  သူ့လက်ချောင်းများကို  ပါးစပ်ထဲထည့်လိုက်ပြီး  အားကုန်ထုတ်ကာ  အသံကျယ်ကြီး လေချွန်လိုက်သည်။ထိုအသံအား  ကြားပြီး  သူ့နားမှာ ရှိသော  ငှက်များက  ကြောက်လန့်တကြား  ပျံထွက်သွားခဲ့သည်။

လင်းရှောင်ယဲ့မျက်မှောင်ကြုပ်လိုက်ပြီး  သူမ  နှလုံးသားထဲ  ဒေါသများ  အလိပ်လိုက်ထွက်လာခဲ့သည်။

ရွာသားတွေ  ငါ့အပေါ်  အဆိုးမြင်ပြီး  ငါ့ဂုဏ်သတင်း ပုတ်ပွနေတာ  အံ့သြစရာ  မရှိဘူး။ကြည့်ရတာ  ဒီကောက်ကျစ်တဲ့  အယုတ်တမာကို  သင်ခန်းစာ  ကောင်းကောင်းပေးမှ ဖြစ်တော့မယ်

''ကျွန်မ အပြင်ခဏသွားလိုက်အုံးမယ်''

ဟော်လီက  လက်သီးကို  တင်းကြပ်စွာ ဆုတ်လိုက်ပြီး  ထွက်ခွာသွားသော  လင်းရှောင်ယဲ့ ၏  နောက်ကျောကို ကြည့်လိုက်ပြီး  သူ့မျက်လုံးများက  နက်မှှောင်လာခဲ့သည်။

သူမ ထွက်သွားပြန်ပြီ

ဟော်လီက  ထရပ်လိုက်ပြီး  တူ  နှင့်ပန်းကန်များကို  ဆေးကြောနေသော်လည်း  သူ့မျက်လုံးများက  လင်းရှောင်ယဲ့ နောက်ကျောမှာ  ကပ်နေခဲ့သည်။သူမြင်လိုက်ရတာက  သူမက  ခြံထဲက  တံမြက်စည်းကို  ယူလိုက်ပြီး  ရက်စက်သော ပုံစံ ဖြင့် အပြေးအလွှား  ထွက်သွားတာမြင်လိုက်ရသည်။

လယ္သမား၏ အလိုလိုက္ခံရေသာ ဇနီးေလးWo Geschichten leben. Entdecke jetzt