Episode - 1

19.6K 863 29
                                    

ဆုံည်းခြင်းရဲ့ န်ိဒါန်း

ညိုမှိုင်းနေတဲ့ကောင်းကင်တစ်ခွင်၌ မဲမှောင်နေတဲ့တိမ်စိုင်တွေက တဖြည်းဖြည်းအိစက်ကျဆင်းလာပြီး မသိလျှင်ပဲပြိုကျလာတော့မည့်အခြေအနေဖြစ်နေသည်။

ကားလမ်းနံဘေးမှာတော့ မိန်းကလေးတစ်ဦး ခြေလှမ်းတွေတုံ့ဆိုင်းနေသည်။ ရှေ့ကကားလမ်းပေါ်သွားလာနေတဲ့ တဝှီဝှီမြည်နေသော ကားတွေကိုကြည့်ရင်း နဖူး၌ချွေးစတွေစီးကျနေပါသည်။

" ဟူး …… "

သက်ပြင်းတစ်ချက် ပြင်းပြင်းချရင်း လက်သီးကိုကျစ်နေအောင်ဆုပ်ရင်း သူမဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ချလိုက်လေသည်။

" ဒီကားလမ်းရဲ့တစ်ဖက်မှာ ကျောင်းရှိနေပြီ … ဒီကားလမ်းလေး ဖြတ်ကူးနိုင်ရင် အကုန်အဆင်ပြေပြီ။ I can do well "

ရင်ဖုံးအင်္ကျီအဖြူ ထဘီစိမ်းလေးဝတ်ထားတဲ့ ကောင်မလေးဟာ ခြေလှမ်းတစ်လှမ်းကို ကားလမ်းပေါ်ချလိုက်သည်။

ပြီးတော့နောက်တစ်လှမ်းထပ်လှမ်းမည်အလုပ်

" တီ … တီ … "

သူမမျက်လုံးများပြာသွားသည်။ အရှိန်ဖြင့်လာနေသော ကားကိုမြင်ပါလျက် ခြေလှမ်းတွေကို နောက်သို့ပြန်မရွှေ့လို့မရတော့။ သေနေတဲ့ ကြက်တစ်ကောင်အလား တုံ့ဆိုင်းနေစဉ်

" ကလေး သတိထား …… "

တစ်စုံတစ်ဦးရဲ့အော်သံနဲ့အတူ သူမအနောက်က ပလတ်ဖောင်းပေါ်သို့ အရှိန်ပြင်းစွာ ပြန်လဲကျသွား၏။

သို့ပေမဲ့ သူမ မနာကျင်ပေ။ အကြောင်းကား သူ့အောက်၌ တစ်စုံတစ်ဦးရှိနေခြင်းကြောင့်ဖြစ်ပေသည်။

" ကျွတ် ကျွတ် … "

တစ်စုံတစ်ယောက်ရဲ့ စုပ်သပ်လိုက်သံကြားမှ 'မိုးဝဿန်လွင်' ဆိုသည့် သူမ အသိနဲ့သတိပြန်ကပ်ကာ ဘေးသို့ စောင်းလှဲချလိုက်လေသည် ။

ထို့နောက်စောစောက သူတက်ဖိထားမိသူထံ ပြန်လှည့်ကြည့်ခိုက် … ။

အဖြူအစိမ်းနဲ့ ကျောင်းဆရာမလေးတစ်ဦး ။ ထုံးလာသည့် ဆံထိုးမှာ ရော့ရဲပြီး မိုး ငေးကြည့်နေစဉ်မှာပဲ ပြေကျသွားလေသည်။ ပါးဖွေးဖွေးနုနုလေးနှစ်ဖက်အနက် ညာဘက်ပါးပေါ်၌ စံပယ်တင်မဲ့လေးတစ်စက် ရှိနေပါသည်။

Don't Stop Believing Where stories live. Discover now