Episode - 7

8.2K 625 50
                                    


​ကျောင်း​ဆောင်​ဘေးက ခ​ရေပင်​ကြီး​အောက်​၌ မိုး​ကြွေကျ​နေ​သော ခ​ရေပန်း​လေး​တွေကို​ထိုင်​ကောက်​နေမိသည်​။ သူ့လက်​ခုပ်တစ်​ခုပ်​စာ ပန်း​လေး​တွေပြည့်​သွားချိန်​မှာ​တော့ အနားသို့ လင်း​ရောက်​လာပြီး

" ဟိတ်​စောင့်​နေတာ ကြာသွားပြီလား ? "

မိုး ပြန်​ထရပ်​လိုက်​ပြီး ခုံတန်းရှည်​လေး​ပေါ်၌ ထို​င်​ချလိုက်​ကာ

" မကြာ​သေးပါဘူး ဆရာမ ....​ရော့ ဒီမှာ ဆရာမဖို့ .... "

​ကောက်​ထားတဲ့ ခ​ရေပန်း​လေး​တွေကို သူ့ဆရာမလက်​ထဲသို့ ထည့်​ပေးလိုက်​လေသည်​။ လင်း သူ့လက်​ထဲက ခ​ရေပန်း​လေး​တွေကို ရှုလိုက်​ပြီး သ​ဘောကျစွာပြုံးလိုက်​မိသည်​။

"​မွှေး​နေတာပဲ က​လေးရယ်​....​ကျေးဇူး​နော်​.... "

" ဆရာမ ခ​ရေပန်းကြိုက်​တယ်​ပေါ့ ? "

" ဆရာမက ပန်းဆို အကုန်​သ​ဘောကျတယ်​က​လေးရဲ့ .... "

" ဟုတ်​လား အဲဒါ​ကြောင့်​ဆရာမ​ခေါင်းမှာ အမြဲနှင်းဆီပန်း​လေး​တွေ ပန်​ပန်​လာတာကို .... မိုးက​တော့ ပန်း​တွေထဲမှာမှ ဒီခ​ရေပန်း​လေး​တွေနဲ့ ချယ်​ရီပန်း​လေး​တွေကို သ​ဘောကျတယ်​..... ခ​ရေပန်း​လေး​တွေက​ခြောက်​သွားတာ​တောင်​မှ ရနံ့မပြယ်​သွားကြဘူး​လေ ..... "

"​က​လေး​ပြောတာ ဟုတ်​တယ်​..... ချယ်​ရီပန်း​လေး​တွေကို​ကော အပြင်​မှာမြင်​ဖူးလား ? "

လင်း​ပေါင်​မုန့်​ကြက်​ဥ​ကြော်​ထည့်​လာတဲ့ lunch box​လေးကို ဖွင့်​နေပြီး​မေးလိုက်​တော့ မိုးကပြုံးရင်း

" ဟုတ်​မြင်​ဖူးတယ်​..... ချယ်​ရီပန်း​တွေ စပွင့်​ချိန်​ဆို အ​မေနဲ့အမြဲ အပြင်​ထွက်​ပြီး လမ်းအတူတူ​လျှောက်​ဖြစ်​ကြတယ်​လေ .... မနက်​တိုင်း အမြဲ​ပေါ့ ..... "

လင်း lunch box အဖုံး​လေး ကိုင်​ထားရင်း မိုးမျက်​နှာ​လေးအား​ငေးကြည့်​နေမိ၏ ။ ဝမ်းနည်းမှု​တွေ လွမ်​ဆွတ်​မှုအရိပ်​အ​ယောင်​တွေဟာ မိုး ရဲ့မျက်​ဝန်းအိမ်​ထဲမှာ ထင်​ဟပ်​နေတာ​လင်း မြင်​နေရပါသည်​။

Don't Stop Believing Where stories live. Discover now