Episode - 12

7.6K 596 36
                                    

ည​တော်​တော်​လေးညဉ့်​နက်​တဲ့အထိ လင်း အိပ်​လို့မရခဲ့ပါ ။ အိပ်​ယာ​ပေါ် အ​တွေး​ပေါင်း​မြောက်များစွာဖြင့်​ချာချာလည်​နေခဲ့သည်​။ ထို့အပြင်​ရင်​ဘတ်​ထဲက​နေလဲ တဆစ်​ဆစ်​နာကျင်​လို့​နေပါသည်​။

' ဘာလို့လဲ။ ငါဘာလို့ က​လေးကိုအဲ့လာက်​ထိ ရက်​ရက်​စက်​စက်​ရိုက်​နိုင်​ခဲ့ရတာလဲ ? ဘာလို့သူ့ဘာသာသူ​နေ​နေတဲ့က​လေးကိုမှ စာသွား​မေးမိခဲ့ရတာလဲ ? လင်းဝတ်​ရည်​သော်​နင်​တော်​တော်​ရက်​စက်​ပါလား။ အခု​တော့ က​လေးကိုအနာတရဖြစ်​စေခဲ့ပြီ ... နင့်​ရဲ့လက်​နဲ့​နုနယ်​တဲ့က​လေးကို အနာေ​ပးခဲ့မိပြီ ´

စိတ်​ထဲက​နေ ကိုယ့်​ဘာသာကိုယ်​အပြစ်​တင်​လို့ကို မဆုံးခဲ့​ပေ ။

​နောက်​တစ်​နေ့ အတန်းထဲသို့ လင်း ဝင်​တော့ မိုး ရဲ့ထိုင်​ခုံ​နေရာ​လေးက လှစ်​ဟလို့​နေ​လေသည်​။ လှစ်​ဟ​နေတဲ့ စားပွဲနဲ့ကုလားထိုင်​လေးကို လင်း မြင်​လိုက်​တော့ စိုးရိမ်​စိတ်​တို့က ဖုံးလွှမ်းသွားသည်​။

ဘယ်​လောက်​ပဲ စိတ်​ဆိုး​နေပါ​စေ မိုး အတွက်​တော့ စိုးရိမ်​ပူပန်တတ်​တဲ့ နှလုံးသားတစ်​ခုက လင်း မှာရှိ​နေပါ​သေးသည်​။

စာသင်​ရင်းနဲ့မှ ဇာလီတင့်​နားသို့သွားကာ

" မိုး ဒီ​နေ့​ကျောင်းမတတ်​ဘူးလား သမီး ? "

" ဟုတ်​... သူမ​နေ့ကတည်းက ဖျား​နေတယ်​ဆရာမ .... ပြန်​တော့​တောင်​သမီးတွဲ​ခေါ်​ပေးသွားရ​သေးတယ်​သူ့ရဲ့ကားဆီကို ..... "

ငါတအားရိုက်​လိုက်​လို့ အနာရှိန်​ကြောင့်​ဖျားသွားတာလား လန့်​ဖျားများ ဖျားသွားတာလား ??? ဒုက္ခပါပဲ .....

လင်း ရင်​ထဲစိုးထိတ်​ကာ အ​တွေးမျိုးစုံက လုံးခနဲဝင်​ရောက်​လာပါ​တော့သည်​။ ချက်​ချင်း ဇွဲကိုကို​ဇော်​ထိုင်​နေသည့်​နားသို့​လျှောက်​သွားပြီး

" သား​ဇွဲကိုကို​ဇော်​..... "

" ဗျာ ... ဟုတ်​ကဲ့ဆရာမ ... "

Don't Stop Believing Where stories live. Discover now