မနက်ရောက်တော့ လင်း ရဲ့မျက်စိမှာ ၅ နာရီဆိုသည်နှင့်အော်တိုနိုးပြီးသား ။ ပိုးဟပ်ဖြူပေါက်စလေးကတော့ သူ့ဘေးမှာကွေးကွေးလေးအိမ်မောကျနေတုန်းပင်။ သူ့ကလေးလေးမျက်နှာကို လင်းငေးကြည့်ရင်း အိပ်ပျော်နေတဲ့ပုံလေးက ချစ်စရာလေး လို့ လင်းတွေးလိုက်မိသည်။ မိုး မနိုးအောင်သူတိတ်တိတ်ကလေး ထကာ ခြင်ထောင်ထဲမှထွက်လာခဲ့သည်။ ပြီးတော့ မျက်နှာသစ်သွားတိုက်ကာ မိုး နိုးလာရင်စားဖို့အတွက်ပေါင်မုန့်လေး ၂ ချပ်ကို ယိုသုတ်ပြီးကော်ဖီလေးတစ်ခွက်ဖျော်ပေးထားလိုက်သည်။ ပြီးတော့မှ သူ့မေမေအတွက်နဲ့နေ့လည်စာနဲ့ ထမင်းချိုင့်ထည့်ဖို့အတွက်လင်း ချက်ပြုတ်ရလေသည်။ အကုန်လုံးကို တစ်နာရီလောက်အတွင်းမှာပဲ ခပ်မြန်မြန်အပြီးသတ်လုပ်ရ၏ ။ ၆ နာရီကျော်တော့မေမေနိုးလာပြီး" သမီး .... "
"မေမေ .... အစောကြီးနိုးလာတာပဲ .... ညကအိပ်ပျော်ရဲ့လားမေမေ ? "
"ပျော်ပါတယ်သမီးရယ်... ထမင်းချိုင့်ထည့်မလို့လား ....ပေးပေးမေမေဆက်လုပ်ပေးမယ်....ကျောင်းသွားဖို့ ပြင်ဆင်တော့ ..... သမီးလေးမိုးကော မနိုးသေးဘူးလား ? "
" ဟုတ်တမင်မနှိုးသေးတာမေမေ ....စောနေသေးလားလို့ .... "
" ၆ နာရီကျော်နေပြီ သမီးရဲ့ .... နှိုးလိုက်တော့ ... အဲ့ဒါမှ မနက်စာ စားတာ အဝတ်အစားလဲတာနဲ့ဆို အခုလောက်ထဲက ထမှမှီမှာ .... သမီးတို့ လိုင်းကားနဲ့ပဲသွားကြမှာ မလား ? "
" ကလေးရဲ့အိမ်က ဦးလေးညိုကားနဲ့လာကြိုပေးမယ်တဲ့မေမေ .... "
"အော်အေးပါကွယ်..... ကဲ သွားတော့မေမေဆက်လုပ်လိုက်မယ်.... "
" ဟုတ်..... "
လင်း အိပ်ခန်းထဲသို့ပြန်ဝင်လိုက်တော့ ဟိုကလေးမက ခြင်ထောင်အောက်ကစောင်ပုံထဲမှာကွေးလို့ကောင်းတုန်းရှိသေးသည်။ လင်း ထိုချစ်စရာနှံပီစုတ်လေးကိုကြည့်ရင်း တစ်ချက်ရယ်လိုက်မိသည်။ ထို့နောက်ခြင်ထောင်လေးကို အသာလှန်တင်ကာ ထိုင်ချလိုက်ပြီး
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...