Episode - 55

8.3K 596 46
                                    

မနက်​ဆေးရုံသို့ မိုး​ရောက်​လာ​သောအခါ ချယ်​ရီ​မေ တစ်​ယောက်​အ​ပြေး​လေး သူ့မမမိုး​ဘေးသို့​ရောက်​ချလာ၏ ။

" မမ မျက်​နှာကဖြူဖတ်​ဖြူ​လျော်​ဖြစ်​နေတုန်းပဲ ... အခုထိ​နေမ​ကောင်း​သေးဘူး မဟုတ်​လားဟင်​? "

ဟိုးတစ်​နေ့က သူ့ဘဝမှာ တစ်​သက်​မှာတစ်​ကြိမ်​မူး​အောင်​သောက်​ခဲ့မိတဲ့ အကျိုး​ကျေးဇူး​ကြောင့်​မ​နေ့က​ခေါင်း​တွေ​တအားကိုက်​ပြီး​ခေါင်း​တောင်​မ​ထောင်​နိုင်​တော့သဖြင့်​မိုး​ဆေးရုံ​တောင်​မလာနိုင်​တဲ့ အထိပင်​။

"​ကောင်း​နေပါပြီ ချယ်​ရီရဲ့ .... "

" ဒါ​ပေမဲ့ မမ မျက်​နှာက အခုထိ ဖြူ​ဖျော့​နေတုန်းပဲ .... မ​နေ့က ဝမ်းကဘယ်​နှခါ​တောင်​သွားတာလဲ မမရဲ့ .... "

ချယ်​ရီ​မေးမှပဲ ဝမ်း​လျော​နေလို့​ဆေးရုံမလာနိုင်​တော့ဘူးလို့ လိမ်​ညာထားတဲ့ သူ့ကိုယ်​သူပင်​မိုး လိပ်​ပြာမလုံ​တော့သလိုလိုခံစားလိုက်​ရပါသည်​။

" ဟို ... ၅ အဲ့ ... ၆ ကြိမ်​လောက်​တော့ရှိမယ်​ထင်​တာပဲ ....... ဟို ဟို​လေ ..... မမသူဇာ​ရောက်​ပြီလား ? "

မိုး အိုးတိုးအမ်းတမ်းနဲ့ စကားလမ်း​ကြောင်းလှည့်​လိုက်​တော့

" ဟုတ်​ကဲ့​ရောက်​နေပြီ မမ .... "

"​အော်​ဟုတ်​လား ဒါဆို ကိုယ်​မမသူဇာဆီသွားလိုက်​ဦးမယ်​ချယ်​ရီ .... "

မိုး​ပြောပြီး မသူဇာခိုင်​ရဲ့အခန်းရှိရာသို့​လျှောက်​လာခဲ့လိုက်​မိသည်​။ ပြီး​တော့ မမသူဇာနဲ့ စကားတစ်​ခွန်းနှစ်​ခွန်း​ပြောဆိုကြပြီးတဲ့​နောက်​ဌာနထဲ round အတူတူလှည့်​ကြ​လေသည်​။ မနက်​round တစ်​ခါလှည့်​ပြီးတာနဲ့ မသူဇာခိုင်​နဲ့ အတူတူ ခွဲခန်းလိုက်​ဝင်​ရပြန်​သည်​။ ဒီလိုနဲ့ ခွဲခန်းထဲမှ​နေ့လည်​၁၂ နာရီ​လောက်​ပြန်​ထွက်​လာခဲ့၏ ။

" မမ လာ​လေ ....​နေ့လည်​စာအတူတူစားကြမယ်​.... "

ချယ်​ရီနဲ့ nurse မ​လေး ဖြူဖြူတို့ထိုင်​နေကြသည့်​စားပွဲနားသို့ မိုး​လျှောက်​သွားလိုက်​တော့ စားပွဲ​ပေါ်မှာ ဟင်းခွက်​က​လေး​တွေက စုံလင်​လို့ပါ ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Apr 21 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

Don't Stop Believing Dove le storie prendono vita. Scoprilo ora