Episode - 27

7K 584 52
                                    


" ဟပ်​ချိုး .... ဟပ်​ချိုး .... "

ည​ရောက်​တော့ စာလုပ်​နေတုန်း မိုး နှာ​တွေတ​ချေး​ချေး ဖြစ်​နေပါ​တော့သည်​။

" က​လေး​ဆေး​သောက်​မှ ဖြစ်​မယ်​.... နို့မို့ဆို ဖျားသွားလိမ့်​မယ်​..... "

လင်း​ပြော​နေ​ပေမဲ့ မိုး က​တော့ သူလုပ်​နေသည့်​စာကိုသာ ကုန်းလုပ်​နေရင်း

" ရပါတယ်​မရယ်​.... "

"​တော်​ကြာဖျား​နေမယ်​..... "

"​ဆေးကြီးမ​သောက်​ချင်​ဘူး မရယ်​...... "

ဒီလိုနဲ့​ခေါင်းမာလွန်းတဲ့ မမမိုးတစ်​ယောက်​ညကျ​တော့ ဖျားပါ​လေ​ကော ။

"​မေ​မေ ....​မေ ~~​မေ ~~~ "

က​ယောင်​ကတမ်း​ယောင်​ယမ်း​နေတဲ့ မိုး ရဲ့အသံသဲ့သဲ့​ကြောင့်​လင်း လန့်​နိုးလာသည်​။

" က​လေး ..... "

လင်း ခပ်​တိုးတိုး​ခေါ်​သော်​လဲ က​လေးကမနိုး ။ အဲ့ဒါ​ကြောင့်​ထကာ အခန်းမီးဖွင့်​ကြည့်​လိုက်​တော့ မိုး ရဲ့နဖူးမှာ​ချွေး​စေး​တွေစို့နင့်​နေပါသည်​။

" ဟင်​.... "

ဇတ်​ခနဲဆို နဖူးကိုအသာစမ်းလိုက်​တော့ မိုး ရဲ့နဖူး​တွေပူခြစ်​နေသဖြင့်​လင်း လန့်​ဖြန့်​သွား၏ ။

" ဘုရား​ရေ ... ကိုယ်​တွေပူခြစ်​နေတာပဲ ... "

"​မေ​မေ ~~~~ "

နှုတ်​က​နေ အ​မေကိုသာ​ယမ်​ယောင်​နေရှာ​သော မိုး အား

" က​လေး ..... က​လေး ... "

ဟိုတစ်​ခေါက်​ကဖျားသလို သတိလစ်​နေမှာ​ကြောက်​တာမို့ လင်း မိုး ကိုအတင်းလှုပ်​နှိုးမိ​တော့ က​လေး​လေးမျက်​လုံး​တွေ ဖွင့်​လာကာ

" မ ~~~~ "

" က​လေး .... ကိုယ်​တွေတအားပူ​နေတယ်​။ နေဦး မ နို့​လေး​ဖျော်​လာခဲ့မယ်​ဆေး​လေးထ​သောက်​လိုက်​နော်​.... "

Don't Stop Believing Where stories live. Discover now