Episode - 14

7.2K 580 52
                                    


" ဟဲ့ သမီး ပြန်​လာတာမိုးချုပ်​လိုက်​တာကွယ်​... ၈ နာရီပဲ ထိုး​တော့မယ်​.... အ​မေ့ဖြင့်​ဒီအချိန်​အထိ သမီးပြန်​မလာ​သေး​တော့ စိတ်​ပူ​နေရတာ .... တစ်​ခုခုများဖြစ်​နေသလားဆိုပြီး​တော့ .... "

လင်း ကြိမ်​ဆွဲခြင်း​ထောင်း​လေးကို စားပွဲဝိုင်း​လေး​ပေါ်သို့ တင်​ပြီး ကုလားထိုင်​လေး​ပေါ်၌ အရင်​ထိုင်​လိုက်​ကာ

" ဒီ​နေ့ မိုး အရမ်း​နေမ​ကောင်းဖြစ်​လို့ သမီး​ဆေးရုံကို လိုက်​ပို့​ပေးရလို့ပါ​မေ​မေ ... "

" ဟယ်​.... က​လေးမ​လေး ဘယ်​လောက်​တောင်​မှ ဖြစ်​လို့​ဆေးရုံ​တောင်​တင်​ရတာလဲ သမီးရယ်​? "

အ​မေက စိုးရိမ်​ပူပန်​သည့်​လေသံဖြင့်​မေး​တော့ လင်း​ခေါင်း​လေးငုံရင်း မျက်​နှာမ​ကောင်းစွာနှင့်​

" အဖျား​တွေအရမ်းတက်​ပြီး သတိလစ်​တဲ့အဆင့်​အထိပဲ​မေ​မေ ..... သမီးဖြင့်​က​လေး က​ခေါ်လို့​တောင်​မရလို့ ထူပူပြီး ရုတ်​တရက်​ဘာလုပ်​လို့ ဘာကိုင်​ပေးရမှန်း​တောင်​မသိခဲ့ပါဘူး​မေ​မေရယ်​.... "

" က​လေးမိဘ​တွေက​ကော အနားမရှိကြလို့လား ? "

လင်း လဲသူ့အ​မေကို ဖြစ်​ကြောင်းကုန်​စင်​အကုန်​ရှင်းပြလိုက်​လေသည်​။ အ​ကြောင်းအကုန်​သိသွား​တော့ သူ့အ​မေလဲ မိုး အ​ပေါ်သနားမိသွားခဲ့သည်​။

" ဟင်းးး ... က​လေးမ​လေးက ငယ်​ငယ်​ရွယ်​ရွယ်​လးနဲ့ .... ဒီလိုအရွယ်​ဆိုတာ မိဘနဲ့လက်​ပွန်​တတီး​နေရမဲ့အရွယ်​ဖြစ်​ပြီး​တော့ မိဘ​မေတ္တာ​မိဘအရိပ်​အောက်​မှာ ကြီးပြင်းကြရမဲ့အရွယ်​......​အ​မေက ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ဆုံးပါးသွားရတယ်​လို့ကွယ်​... "

" ဟုတ်​ပါတယ်​မေ​မေရယ်​ဒါ​ပေမဲ့ ဒီ​နေ့အခုလို​တွေဖြစ်​သွားတာ သမီး​ကြောင့်​လဲ ပါပါတယ်​.... သမီးသာ မရိုက်​မိခဲ့ဘူးဆိုရင်​က​လေး အခု​လောက်​ထိဖြစ်​သွားစရာအ​ကြောင်းမရှိဘူး​မေ​မေ .... "

လင်း​ပြော​နေရင်း ငိုသံပါလာပြီး သူ့အ​မေ​ရှေ့ထိုင်​ငို​နေမိပြန်​သည်​။ သမီးဖြစ်​သူဝမ်းနည်း​နေတာမြင်​တော့ အ​မေဖြစ်​သူလဲ စိတ်​မ​ကောင်း ။ သူ့သမီး​ကျောကုန်း​လေးကို ပွတ်​သပ်​ပေးရင်း

Don't Stop Believing Where stories live. Discover now