Episode - 22

6.6K 542 41
                                    

လကုန်​ပြီမို့ မိုး သူ့အ​ဖေမှာကြားခဲ့တဲ့အတိုင်း ဆရာမကို​ပေဖို့ လစာအား အ​ဖေ့ရဲ့မီးခံ​သေတ္တာထဲက​နေယူဖို့ အခန်းထဲဝင်​ခဲ့သည်​။​မူယာသွယ်​ဆိုတဲ့ မိန်းမနဲ့ မျက်​နှာချင်း မဆိုင်​ချင်​လို့ သူမရှိတဲ့အချိန်​လာယူခြင်း ဖြစ်​ပေမဲ့ မီးခံ​သေတ္တာဖွင့်​လိုက်​သည့်​အခါမှာ​တော့ အထဲမှာ​ငွေတစ်​ပြားတစ်​ချပ်​မှမရှိ ။​သေတ္တာအလွတ်​တစ်​လုံးသာဖြစ်​နေ၏ ။ မိုး​ဒေါသ​ထောင်းခနဲထွက်​ကာ​ပေါက်​ကွဲသွားချိန်​တွင်​

" အခန်းထဲခိုး​ကြောင်​ခိုးဝှက်​ဝင်​ပြီး ဘာလုပ်​နေတာလဲ ? "

အစထဲကမှ လူကစိတ်​ပေါက်​နေရတဲ့ကြားထဲ ထိုမိန်းမရဲ့ ရင့်​သီးတဲ့စကား​ကြောင့်​မိုး​ဒေါသပိုထွက်​သွားရသည်​။

" ခိုး​ကြောင်​ခိုးဝှက်ဟုတ်​လား ? ရှင်​စကားကို ပြန်​ပြင်​ပြောလိုက်​ပါ​ဒေါ်မူယာသွယ်​.... ဒါကျွန်​မ အ​ဖေရဲ့အခန်း .... ဒါကျွန်​မရဲ့အိမ်​ကျွန်​မကြိုက်​သလို ဝင်​ထွက်​ခွင့်​ရှိတယ်​.... ဘာကို ခိုး​ကြောင်​ခိုးဝှက်​လုပ်​စရာလိုလဲ ? "

အခန်းထဲက မိုး ရဲ့​အော်​သံ​ကြောင့်​အိမ်​နောက်​ဘက်​မှ လင်း နဲ့ မိုး တို့စားပြီးသားပန်းကန်​တွေ​သိမ်း​နေသည့်​အ​ဒေါ်ကြီးဝင်း လဲ အိမ်​ရှေ့အမြန်​ပြေးထွက်​လာသလို အိမ်​ပေါ်ထပ်​တက်​ဖို့ လုပ်​နေတဲ့ လင်း ရဲ့​ခြေလှမ်း​တွေလဲ တုံ့ဆိုင်းသွား၏ ။

အချိန်​က​တော့​နေ့လည်​ကျောင်းဆင်းပြီးချိန်​ဖြစ်​၍​ဒေါ်မူယာသွယ်​လဲ အလုပ်​ထဲမှ အိမ်​သို့ ရုတ်​တရက်​ပြန်​ရောက်​လာချိန်​ဖြစ်​၏ ။

" မဟုတ်​လို့လား​နေ့ခင်း​ကြောင်​တောင်​အခန်းထဲက မီးခံ​သေတ္တာလာဖွင့်​နေတာ​လေ ..... "

" ဟက်​..... ဒါကျွန်​မ Daddy ရဲ့မီးခံ​သေတ္တာ .... ကျွန်မမှာ ကိုင်​ခွင့်​ရှိပြီးသား ....​ပြောမဲ့​ပြောခြင်း ကျွန်​မက ရှင့်​ကို​ပြောရမှာ .... Daddy မသွားခင်​တုန်းက မှာသွားတယ်​.... ဆရာမအတွက်​ကျူရှင်​လစာကို မီးခံ​သေတ္တာထဲထည့်​ပေးထားခဲ့တယ်​တဲ့ ..... အခုဒီမှာ​သေတ္တာထဲမှာ ဘာ​ငွေတစ်​ပြားမှ မရှိဘူးဖြစ်​နေတယ်​...... Daddy ရဲ့​ငွေ​တွေကို ရှင်​ဘာ့​ကြောင့်​အကုန်​ယူသုံးလိုက်​တာလဲ ...... "

Don't Stop Believing Where stories live. Discover now