" ငါတို့ ၃ယောက်ဒီလိုတစ်ခါလေးတွေ့ရဖို့အရေး အတော်လေးကို ချိန်းလိုက်ကြရတယ်နော်.... "ဇာလီတင့်ကပြောတော့ ဇွဲ ကထရယ်ပြီး
" ဟုတ်ပါ့ကွာ .... ငါက အားပြန်တော့ နင်တို့ ၂ယောက်က မအားပြန်ဘူး ... ဒီတစ်ခါလေးတွေ့ရဖို့အရေး ၄ခေါက်လောက်ချိန်းလိုက်ရတယ်.... "
စကားလေးပြောလိုက်ရှေ့ကအာလူးချောင်းကြော်လေးတွေကောက်စားလိုက်နဲ့ သူငယ်ချင်း ၃ယောက်သား ကန်ဘောင်ဘေးက ဆိုင်တစ်ဆိုင်မှာထိုင်ရင်းလေညှင်းခံနေကြသည်။
" ကန်ဘောင်က ဒီလိုညနေစောင်းလေးဆို ထိုင်လို့ကောင်းတယ်ဟ ....လေလေးတဖြူးဖြူးနဲ့ရှယ်ပဲ .... "
ဇာလီတင့်ပြောတော့ ဇွဲကခေါင်းလေးညိမ့်ပြီးထောက်ခံ၏ ။
" ငါကတော့ ဒီကန်ဘောင်ကိုမရောက်ဖြစ်ခဲ့တာ ၁၃ နှစ်တောင်ကြာခဲ့ပြီ .... အရင်ကထက်တော့ နည်းနည်းပြောင်းလဲသွားသလိုပဲ ..... "
မိုး ကန်ရေပြင်ကို မျက်စိတစ်ဆုံးငေးကြည့်ရင်းပြောလိုက်တော့ ဇွဲ က
"အေးလေ ကန်ဘောင်လျှောက်လမ်းတစ်လျှောက်မှာအုတ်ဘောင်တွေလုပ်လိုက်ပြီလေ .... "
" ဟက်.... ဒါလေးပဲပြောင်းလဲသွားတာပါ ..... "
ဇာလီတင့်ရယ်ပြီး အာလူးချောင်းကြော်တွေကို ဝါးစားနေပြန်သည်။ ပြီးတော့ရှေ့ချထားတဲ့ အအေးပုလင်းကိုမော့သောက်နေ၏ ။
" နင်ဆေးရုံမှာ အလုပ်ဝင်နေတာ အဆင်ပြေရဲ့လား မိုး ? "
ဇွဲ ရဲ့မေးခွန်းကို မိုးခေါင်းလေးညိမ့်ပြီး ပြန်ဖြေလိုက်သည်။
"အော်ဒါနဲ့ ..... နင်တို့ကိုပြောရဦးမယ်.... "
"အေးပြောလေ ... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...