slipper ဖိနပ်လေးတစ်ရံစီးကာ သူ့ဖိနပ်လေးကို လက်မှာကိုင်လာပြီးလျှောက်လာတဲ့ မိုး ကို ချယ်ရီမေ လှမ်းမြင်လိုက်ရသည်။
အနားရောက်တော့ ဖိနပ်လေးကိုခြေဗလာနဲ့ရပ်နေတဲ့ချယ်ရီ့ရှေ့ ချပေးလိုက်ရင်း
"ကျေးဇူးပါပဲ ချယ်ရီ ..... "
မိုးပြောလိုက်တော့ ချယ်ရီကပြုံးပြီး
" မလိုပါဘူး မမ ရယ်.... "
"အော်... ဒါနဲ့ ဒီညတော့ ကိုယ်ဒီမှာပဲနေလိုက်မယ်နော်.... ဌာနထဲမှာ ထူးခြားတာတခုခုဖြစ်ရင်ကိုယ့်ကိုဖုန်းဆက်ခေါ်လိုက်ပါ .... "
" ဟုတ်ကဲ့ စိတ်ချပါ မမ .... ဒါဆို ချယ်ရီအပေါ်ပြန်တက်တော့မယ်နော်... "
" အင်း ချယ်ရီ .... "
ချယ်ရီ ထွက်သွားတော့ မိုး လင်း ရဲ့ကုတင်ဘေးလေးမှာ သွားရပ်ကြည့်လိုက်သည်။ ချယ်ရီ ခြုံပေးခဲ့တဲ့ လင်း ရဲ့ကိုယ်ပေါ်ကစောင်ပါးလေးတစ်ထည်ကို မိုး အသာလှမ်းဆွဲကာ ရင်ဘက်ပေါ်အထိ လွှမ်းခြုံပေးလိုက်၏ ။
အရေးပေါ်ဌာနမို့ လူနာစောင့်ထိုင်ဖို့ ခုံကလဲမရှိပေ ။ ထို့ကြောင့်ကုတင်ဘေးလေးမှာပဲ ဂျူတီကုတ်အကျီအိပ်ကပ်လေးအတွင်းသို့ လက်ကလေးထိုးထည့်ထားပြီး အချိန်တော်တော်ကြာအောင်ရပ်နေမိသည်။
မိုး ရပ်နေတာကို ဌာနအတွင်းက nurseလေးတွေက သတိထားမိကြတော့ ခုံကလေးတစ်လုံး ယူလာပေးပြီး
" မမ ဒီမှာထိုင်ပါ .... "
"အော်ကျေးဇူးပါပဲ ညီမလေး .... "
" ဟုတ်ကဲ့ ရပါတယ်... မမ ကနှလုံးဌာနကဒေါက်တာမိုးဝသန်လွင်မဟုတ်လား .... "
" ဟုတ်ပါတယ်..... "
"အော်ဟုတ်.... "
သူ့ကိုရယ်ပြပြီး ထွက်သွားတဲ့ nurse မလေးကို မိုး တစ်ချက်ကလေးပြုံးပြလိုက်ပြီးနောက်ခုံကလေးကို ကုတင်ဘေး၌ချကာ ထိုင်လိုက်လေသည်။ လင်း ကတော့ဆေးသွင်းထားတဲ့အရှိန်ကြောင့်အိပ်ပျော်နေလေသည်။
BẠN ĐANG ĐỌC
Don't Stop Believing
Lãng mạnငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...