Episode - 43

5.9K 550 121
                                    

မိုး လှမ်း​ပေးလိုက်​တဲ့ ထွက်​စာကို​ဆေးရုံအုပ်​ကြီးကြည့်​ရင်း

"​အေးကွာ .... အ​ဖေရဲ့ကျန်းမာ​ရေး​ကြောင့်​ဆို​တော့လဲ ဘယ်​တတ်​နိုင်​ပါ့မလဲ .... ဒါ​ပေမဲ့ ဖြစ်​နိုင်​ရင်​တော့ Hanna ကို ဆရာအလုပ်​မထွက်​ခိုင်း​စေချင်​ဘူး .... ဒီတိုင်းခဏသွားပြီး အ​ဖေ​နေပြန်​ကောင်းတဲ့အခါ ပြန်​လာလို့ရ​တာပဲ​လေ .... "

သူ့ကိုတားဖို့ကြိုးစားချင်​နေတဲ့​ဆေးရုံအုပ်​ကြီးကို Hanna ကြည့်​ပြီး သက်​ပြင်း​လေးချကာ

" အ​ဖေ့ကို ပစ်​ထားခဲ့မိတာ ၁၃ နှစ်​ကျော်​လောက်​ရှိ​နေပြီ ဆရာ .... အခု​ဖေ​ဖေ့အသက်​၆၀​ကျော်​ပြီး ၇၀ လဲကပ်​နေပြီဆို​တော့ Hanna​ဖေ​ဖေ့​ဘေးမှာ တလှည့်​ပြုစု​စောင့်​ရှောက်​ပေးသင့်​တယ်​ထင်​လို့ပါ ..... Hanna ကတစ်​ဦးတည်း​သော သမီး​လေ ဆရာရဲ့ ... "

" ကဲ​လေ .... တားလို့လဲ မရဘူးဆိုတာ ဆရာလဲ သိပါတယ်​... မဖြစ်​မ​နေဆို​တော့လဲ ဘယ်​တတ်​နို​င်​ပါ့မလဲ ဆရာက ထွက်​ခွင့်​ပေးရ​တော့မှာ​ပေါ့ .... ဒါ​ပေမဲ့ Hanna ပြန်​လာဖြစ်​တဲ့အခါကျရင်​တော့ ဆရာတို့​ဆေးရုံမှာပဲ ပြန်​လုပ်​ပေးပါလို့ အခုထဲက​တောင်းဆိုထားပါရ​စေ .... "

​အထက်​လူကြီးရဲ့​တောင်းဆိုမှုကို အသိအမှတ်​ပြု​ပေးသည့်​အ​နေနဲ့ မိုး​ခေါင်း​လေးတစ်​ချက်​ငုံလိုက်​ပြီး

" ဟုတ်​ကဲ့ပါ ဆရာ .... "

​ဆေးရုံအုပ်​ကြီးအခန်းထဲက ထွက်​လာပြီး သူ့ရုံးခန်းထဲကို ပြန်​ဝင်​လိုက်​တော့ သူ့ထိုင်​ခုံမှာ မိန့်​မိန့်​ကြီးထိုင်​နေတဲ့ သူ့သူငယ်​ချင်း Yuki ကို​တွေ့လိုက်​ရသဖြင့်​

" ဘယ်​တုန်းက​ရောက်​နေတာလဲ Yuki ? "

သူဝင်​လာတာမြင်​တော့ Yuki တစ်​ယောက်​ပြုံး​ပျော်​သွား၏ ။ ထိုင်​နေရာမှထကာ မိုး ကိုအတင်းလာဖက်​လေသည်​။

" အခု​လေးတင်​ရောက်​တာ Hanna ... "

"​အော်​.... "

" နင်​စောနက ဘယ်​သွား​နေတာလဲဟင်​? "

"​ဆေးရုံအုပ်​ကြီးရုံးခန်းကိုပါ ... "

Don't Stop Believing Where stories live. Discover now