Episode - 32

7K 572 63
                                    

ည​နေ​စောင်း​လောက်​ကျ​တော့ မိုးဝသန်​လွင်​တစ်​ယောက်​သစ်​သီး​နဲ့မုန့်​ဘူး​တွေအစုံအစိပါသည့်​ခြင်း​တောင်းကြီးကတစ်​ဖက်​တစ်​ဖက်​ကလဲ လုံချည်​စထည့်​ထားသည့်​ပါကင်​ဗူးတစ်​ဗူးဖြင့်​လင်း တို့အိမ်​ကို​ပေါက်​ချလာပါ​တော့သည်​။

" က​လေး အဲ့ဒါ​တွေက ဘာ​တွေတုန်း ?? "

ကြီးမားလှသည့်​ခြင်းကို လင်းကြည့်​ပြီးတအံ့တသြ​မေး​တော့

" ကန်​တော့မလို့​လေ ဟီး ... "

သွား​တွေအကုန်​ပေါ်​အောင်​ရယ်​ပြ​နေ​သော မမ​ချောကိုကြည့်​ပြီး လင်းမျက်​ခုံးလှုပ်​သွား​လေသည်​။

" က​လေးရယ်​ဘာလို့အများကြီး​တွေ ...... မ ရဲ့က​လေးက​တော့ လုပ်​ချလာပြန်​ပြီကွာ .... "

" ဟီး တစ်​နှစ်​မှာတစ်​ခါကျွတ်​တဲ့ သီတင်းကျွတ်​မှာ ကန်​တော့ချင်​အားကြီးလွန်းလို့​လေ ဟဲဟဲ ..... "

သူတို့နှစ်​ယောက်​ကို​မေ​မေကအိမ်​ဦးခန်းနားက သူ့ကုတင်​လေး​ပေါ်က​နေကြည့်​ပြီး ရယ်​နေ​လေသည်​။

" ကဲ ကန်​တော့မယ်​မ နဲ့ အန်​တီ့ကို ..... "

မိုး ကန်​တော့မယ်​ပြော​တော့ လင်းလည်​တိုင်​လေးကိုပွတ်​သပ်ရင်း

" ဟယ်​အခုချက်​ချင်းကြီးလား ? "

သိတဲ့အတိုင်း မမလင်းခမျာ ကန်​တော့ခံရမည့်​အ​ရေးကို ရှက်​နေပြန်​ပြီ​လေ ။

အီး အဲ နဲ့ လင်း လုပ်​နေ​တော့သူ့​မေ​မေက

" အခုပဲ ၅ နာရီထိုး​နေပြီ သမီးခ​ဏ​နေ သမီး​လေးမိုးနဲ့​ရပ်​ကွက်​ထဲက​စေတီ​မှာ ဆီမီးပူ​ဇော်​ဦးမလို့ဆို ..... ကဲ ကဲ​မေ့​မေ့နားကိုလာထိုင်​.... "

​မေ​မေ​ခေါ်​တော့မှ လင်း မအီမလည်​ရုပ်​က​လေးနဲ့ သူ့​မေ​မေရဲ့ကုတင်​စောင်း​လေးမှာ ဝင်​ထိုင်​လိုက်​လေသည်​။ မိုး က​တော့ထုံးစံအတိုင်း စပ်​ဖြီးဖြီးပင်​။

Don't Stop Believing Where stories live. Discover now