Episode - 46

8K 609 61
                                    

ပထမဦးဆုံး အလုပ်​စဆင်းသည့်​နေ့၌ သူအတင်းငြင်းဆန်​နေသည့်​ကြားက​ဖေ​ဖေကဝယ်​ပေးခဲ့သည့်​BMW ကားအနီ​လေးတစ်​စီးဖြင့်​ဆေးရုံသို့ ကိုယ်​တိုင်​မောင်းလာခဲ့သည်​။ လမ်းက သိပ်​မကျွမ်းကျင်​သေးတာမို့ Google map ကိုအားကိုးပြီး​မောင်း​နေရသည်​။​ဖေ​ဖေက ဒါရိုက်​ဘာတစ်​ယောက်​ထား​ပေးမယ်​ပြော​နေ​ပေမဲ့ တစ်​ယောက်​ထဲသွားရလာရတာကိုပဲ သ​ဘောကျတဲ့သူမို့​ဖေ​ဖေ့ အကြံပြုချက်​ကို ငြင်းပယ်​ခဲ့၏ ။

​ဆေးရုံသို့​ရောက်​တော့​ဖေ​ဖေ့ရဲ့သူငယ်​ချင်း​ဆေးရုံအုပ်​ကြီးဖြစ်​သည့်​ဒေါက်​တာ​ကြီးဦး​နေမျိုးထွန်း ရဲ့ရုံးခန်းသို့ အရင်​ဝင်​တွေ့ခဲ့ရသည်​။ ပြီး​တော့မှ ဆရာကြီးက နှလုံးဌာနကို​ခေါ်သွားပြီး နှလုံးဌာနမှူးဖြစ်​တဲ့ မိုး ရဲ့​ကျောင်းတုန်းက စီနီယာမမ​ဒေါ်သူဇာခိုင်​နဲ့​ဆေးရုံကတခြားဆရာဝန်​ကြီးများဖြင့်​မိတ်​ဆက်​ပေးခဲ့သည်​။

" ငါ့ညီမ​လေးက​တော့ အရင်​ကထက်​ပို ပို​ချောလာတယ်​.... "

​မသူဇာ က မိုး ရဲ့လက်​ကို ဝမ်းသာအားရလှမ်းဆွဲပြီး​ပြော​တော့ မိုး ပြုံးလိုက်​ပြီး

" မမလဲ အရင်​ကထက်​ကို ပို​ချောလာပါတယ်​နော်​.... အခုထိ အပျိုကြီးပဲလား မမ ? "

" အခုထိ​တော့ အပျိုကြီးဆို​ပေမဲ့​ရှေ့အပတ်​ကျရင်​တော့ အဲ့ရာထူးက စွန့်​လွှတ်​ရ​တော့မယ်​ညီမ​လေး​ရေ .... "

မသူဇာ ကရယ်​ရယ်​မော​မောဖြင့်​ပြော​တော့

" ဒါဆို ? "

"​ရှေ့အပတ်​Friday ဆို အမရဲ့ wedding​လေ ..... တစ်​ခါထဲ ဖိတ်​စာနဲ့တကွ ဖိတ်​လိုက်​မယ်​နော်​.... လာဖြစ်​အောင်​လာရမယ်​ကြားလား .... "

သူရယ်​ပြီး​ပြော​တော့ မိုး လဲလိုက်​ရယ်​မိပြီး

" ဟာ မမတို့​က​တော့ကွာ စွံသွားပြီ ..... "

"​အေးကွာ .... အသက်​ကြီးမှပဲ စွံ​တော့တယ်​......​တော်​သေးတာ​ပေါ့ တို့ကိုယ်​တို့ တစ်​သက်​လုံးအပျိုကြီးဘဝနဲ့ အရိုးထုတ်​ရ​တော့မယ်​ထင်​ထားတာ ဟားဟား ... "

" congratulation ပါ မမသူဇာရယ်​.... "

" ဟိတ်​တို့ကိုပဲ congratulation လုပ်​မ​နေနဲ့ဦး .... Hanna​ကော ? Bf​တွေဘာ​တွေ မရ​သေးဘူးလား ? "

Don't Stop Believing Where stories live. Discover now