ညနေခင်းလေးတစ်ခုမှာ မိုး ခြံထဲဆင်းပြီး ဒန်းလေးပေါ်မှာထိုင်ရင်းဆေးပညာပိုင်းဆိုင်ရာ စာအုပ်လေးတစ်အုပ်ကို စိတ်ဝင်တစားထိုင်ဖတ်နေမိသည်။ထိုစဉ်ခြံတံခါးပေါက်ကနေ
"ဒေါ်လေးဝင်းရေ ....ဒေါ်လေးဝင်း .... "
သိပ်မစိမ်းလွန်းတဲ့ယောကျာ်းလေးအသံတစ်သံကို မိုး ကြားလိုက်ရသဖြင့်စာအုပ်လေးကိုဘေးသို့ချပြီး ခြံတံခါးနားသို့လျှောက်သွားလိုက်သည်။
တံခါးနားရောက်တော့ မြင်တွေ့လိုက်ရသည့်သူကသူ့သူငယ်ချင်း ဇွဲ ။
အရင်ကထက်အရပ်ကြီးပိုရှည်လာပြီးဒေါင်ကြီးကလဲ ဟက်နေသည်။ အသားဖြူဖြူမျက်ခုံးကောင်းကောင်းနဲ့ သူဝတ်ဆင်ထားသည့်ရဲအရာရှိဝတ်စုံဖြင့်လိုက်ဖက်ညီလွန်းလှသည်။
" ဇွဲ ..... "
ဖွဖွလေးပြုံးပြရင်း သူ့ကိုခြံတံခါးဖွင့်ပေးနေတဲ့ မိုး အား ဇွဲ အံ့သြမှင်သက်စွာ ရပ်ကြည့်နေမိသည်။ အရင်ကချောတယ်ဆိုတာထက်ကို နှစ်ဆလောက်ပိုချောလာသလို ဆံပင်ရှည်လေးနဲ့ မိုး မှာအင်မတန်မှ ကျက်သရေရှိလှပါသည်။
ဆံပင်လေးကိုတစ်လွှာစုစည်းထားပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို နားနောက်သို့ထိုးထည့်လိုက်သည့်မိုး ရဲ့အလှဟာ အခုခေတ်သုံးစကားအရနဲ့ပြောရလျှင်အင်မတန်မှ နန်းဆန်လွန်းလှပါသည်။
" ဝင်လေ ဇွဲ ? "
မိုးပြောလိုက်တော့မှ ဇွဲ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး
"Ahhhအေးအေး ...... "
မိုးခေါ်တော့မှ ဇွဲ ခြံထဲဝင်ဖို့သတိရလိုက်သည်။
"ဒေါ်လေးဝင်း လဲမတွေ့ပါလား ? "
"ဒေါ်လေးဝင်းက အိမ်နောက်ဖေးမှာ ညစာအတွက်ချက်ပြုတ်နေတယ်.... "
YOU ARE READING
Don't Stop Believing
Romantikaငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...