Episode - 40

6.5K 552 98
                                    

" အိုဘ(အ)စံ ...... ဖွားဖွား .......​တီတီ​လေး .... "

အိမ်​ထဲ​ရောက်​တာနဲ့ သူ့ကိုဆီးကြို​နေတဲ့ အဖွားနဲ့ အ​ဒေါ်ကို အားရဝမ်းသာ​ပြေးဖက်​လိုက်​လေ​တော့သည်​။

" ငါ့​မြေး​လေး အခုမှပဲမြင်​ရ​တော့တယ်​။ ကြည့်​စမ်းပါဦး ထွားလာလိုက်​တာ ..... "

" ဟုတ်​ပါ့​မေ​မေရယ်​ Hanna သမီး​လေး အရပ်​ကြီးရှည်​လာလိုက်​တာကွယ်​.... "

"​ တီတီ​လေးအရပ်​ကို​တော့ မမှီ​သေးပါဘူး .... "

သူမရဲ့အ​ဒေါ်ကို​ပွေ့ဖက်​လိုက်​ပြီး​ပြောလိုက်​တော့ အ​ဒေါ်က သ​ဘောကျစွာရယ်​လေသည်​။

" ကဲ ကဲ သမီး​လေး​မေ​မေကို သွားနှုတ်​ဆက်​လိုက်​ပါဦး ..... "

" ဟုတ်​ကဲ့ ဘွားဘွား ..... "

စားပွဲကြီးတစ်​လုံး​ပေါ်မှာ​ထောင်​ထားတဲ့ သူ့​မေ​မေဓာတ်​ပုံ​ရှေ့၌ မိုး အ​မွှေးတိုင်​တစ်​တိုက်​ထွန်းစိုက်​လိုက်​ကာ လက်​အုပ်​လေးချီလိုက်​သည်​။

" အိုကာစံ ....​မေ​မေ .... သမီးပြန်​ရောက်​ပါပြီ .... "

ပြုံးရယ်​နေတဲ့​မေ​မေ့ရဲ့ဓာတ်​ပုံ​လေးဟာ တကယ့်​ကိုအသက်​ဝင်​လွန်းလှပါသည်​။ အ​မေ့ပုံကို မြင်​လိုက်​တာနဲ့ ရင်​ထဲဟာတာတာဖြစ်​သလို ခံစားမိပါ​သေးသည်​။

" သမီး​ဖေ​ဖေ​ကော အလုပ်​အကိုင်​တွေ အဆင်​ပြေရဲ့လား ? "

" ဟုတ်​ပြေပါတယ်​ ဘွားဘွား။ မနက်​ဖြန်​တော့ ဒီကိုလာခဲ့ပြီး ဘွားဘွားတို့ကို လာနှုတ်​ဆက်​မယ်​ပြောပါတယ်​... ဒီ​နေ့​တော့ အလုပ်​ကိစ္စ​လေးရှိလို့​ဟိုတယ်​ကို တန်းသွားတယ်​.... "

"​အော်​အေးပါကွယ်​.... ဘွားဘွားတို့လည်း သမီး​ဖေ​ဖေကို မ​တွေ့ရတာကြာ​တော့ ရုပ်​တောင်​မမှတ်​မိချင်​တော့ဘူး ..... "

"​နောက်​မိန်းမနဲ့ သမီး​နဲ့​ကော အဆင်​ပြေရဲ့လား ? "

အ​ဒေါ်က​မေး​တော့ စိတ်​မပူ​စေချင်​တာ​ကြောင့်​ မိုး မုသားသုံးလိုက်​ရ​သည်​။

Don't Stop Believing Where stories live. Discover now