Episode - 48

7.3K 595 44
                                    

မနက်​စော​စောအိပ်​ယာကထသည်​။ ပြီး​တော့ ဝက်​ပေါက်​က​လေး မနိုးလာ​သေးခင်​မှာပဲ လင်း ဘုရားရှိခိုး ဆွမ်း​တော်​နဲ့​ရေချမ်း​တော်​ကပ်​လှူရင်း ဝတ်​ပြုဆု​တောင်းပြီးခဲ့​ပေပြီ ။

ပြီး​တော့ မီးဖိုခန်းထဲဝင်​ပြီး အန်​တီတင့်​ချက်​ပြုတ်​နေတာကို ကူလုပ်​ပေးရင်း တစ်​ယောက်​သောသူအတွက်​သူရဲ့လက်​နဲ့ ကိုယ်​တိုင်​ကိုယ်​ကျ တစ်​စုံတစ်​ခုကို ဖန်​တီး​ပေး​နေသည်​။

"​ပေါင်​မုန့်​ကြက်​ဥ​ကြော်​မလို့လား .... လင်း ရယ်​အန်​တီတင့်​ကို​ပြော​ရော​ပေါ့ကွယ်​.... ဖယ်​ဖယ်​အန်​တီတင့်​အခု​ကြော်​ပေးမယ်​နော်​.... "

အန်​တီတင့်​က သူအတင်းလုပ်​မယ်​ဟန်​ပြင်​တော့ လင်း လက်​ကာပြလိုက်​ပြီး

" ရပါတယ်​အန်​တီတင့်​ရယ်​... လင်း ကိုယ်​တိုင်​ပဲ​လုပ်​ပါရ​စေ​နော်​.... "

သူ​ပြောလိုက်​တော့ အန်​တီတင့်​ကာ ပြုံးကာ

" ဘာလဲ​မောင်​တေဇာ့အတွက်​ကိုယ်​တိုင်​လေး​လုပ်​ကျွေးချင်​တယ်​ဆိုပါ​တော့ .... "

ရယ်​ပြီး​ပြောတဲ့ အန်​တီတင့်​ရဲ့စကားကို လင်း​ခေါင်းခါရင်း ချက်​ချင်းငြင်းလိုက်​ပါသည်​။

" မ​နေ့က မထင်​မှတ်​ပဲ လင်း ရဲ့တပည့်​လေးတစ်​ယောက်​နဲ့ပြန်​တွေ့တယ်​.... သူပဲ သမီး​လေရဲ့အသက်​ကို အ​ရေး​ပေါ်ကယ်​တင်​ပေးခဲ့တာ​လေ အန်​တီတင့်ရဲ့ ...... "

လင်း​ပြောလိုက်​တော့ အန်​တီတင့်​တအံ့တသြဖြင့်​

" ဟယ်​ဟုတ်​လား .... "

" အဲ့တပည့်​လေးနဲ့ လင်း နဲ့မ​တွေ့ဖြစ်​ကြတာ ၁၀ နှစ်​ကျော်​ကြာသွားကြပြီ ..... ပြန်​တွေ့​ရ​တော့လဲ သူကဆရာဝန်​မကြီး​တောင်​ဖြစ်​နေပြီ .... "

ကြက်​ဥကို​ခ​လောက်​ထားတဲ့ အရည်​လေး​တွေကို​ပေါင်​မုန့်​ချပ်​လေး​တွေ​ပေါ် ဆမ်းလိုက်​ရင်း ဒယ်​အိုးပြား​ပေါ် တင်​ပြီး​ကြော်​ကာ လင်း​ပြော​နေခြင်းသာ​ဖြစ်​ပေသည်​။​ပြော​နေရင်း မျက်​နှာ​လေးကလဲ ခပ်​ပြုံးပြုံး​လေးဖြစ်​လို့​နေသည်​။

Don't Stop Believing Waar verhalen tot leven komen. Ontdek het nu