Episode - 26

6.5K 580 33
                                    

အစည်းအ​ဝေးက​ပေရှည်​နေသဖြင့်​ည​နေ ၅ နာရီ​ကျော်​လောက်​မှ ပြီးခဲ့​လေသည်​။ မိုးကသည်းကြီးမဲကြီးရွာ​နေ​သေးတာမို့ လင်း​ကျောင်း​ဆောင်​ထဲကထွက်​လို့မရ​သေး​ပေ ။ မိုးနည်းနည်း​လေးစဲ​အောင်​စောင့်​နေရင်း မိုး ဆီသို့ဖုန်း​ခေါ်ရန်​အတွက်​စလင်းဘတ်​အိတ်​ထဲမှ ဖုန်း​လေးကိုထုတ်​လိုက်​၏ ။ သို့​ပေမဲ့ ဖုန်းကဘက်​ထရီကုန်​နေသဖြင့်​စက်​ကပိတ်​နေ​လေပြီ ။

" ဟူး .... မ​နေ့ကဖုန်းအားသွင်းဖို့​မေ့​နေတာပဲ .... ဒုက္ခပဲ က​လေးနဲ့​မေ​မေ​တော့စိတ်​ပူ​နေ​တော့မှာပဲ ..... "

၅ နာရီခွဲခါနီးကျမှ မိုးကအနည်းငယ်​စဲသွားသဖြင့်​လင်း​ကျောင်း​ရှေ့က Bus ကားမှတ်​တိုင်​သို့ထွက်​လာခဲ့​လေသည်​။​ဒီ​နေ့ကျမှပဲ ၄၈ Bus ကား​တွေက ရှားလွန်း​နေသည်​။ လာသည့်​ကားတစ်​စီးကျ​တော့လဲ တက်​လို့မရ​အောင်​ကိုပဲ ကျပ်​ပတ်​သိပ်​နေတာမို့ လင်း တွယ်​တက်​လို့ပင်​မရခဲ့ပါ ။

​နောက်​တစ်​စီး​တော့ မကြာခင်​ထပ်​လာဦးမှာပါဆိုသည့်​မျှော်​လင့်​ချက်​လေးနဲ့ Bus မှတ်​တိုင်​မှာ လင်း ထီးက​လေး​ဆောင်းကာ ရပ်​နေသည်​။ Taxi​တွေလှမ်းတား​တော့လဲ လူ​တွေကပါ​နေသဖြင့်​မရပ်​ပေးကြ ။ ခဏ​နေ​တော့ မိုးက သဲကြီးမဲကြီးကိုရွာချပြန်​လေသည်​။ ထို့အပြင်​လေကလဲပြင်းတာမို့ လူ​ကောထီးပါ လွင့်​ထွက်သွားမလားဟုပင်​ထင်​ရပါသည်​။​ဘေးနားကသစ်​ပင်​ကြီး​တွေဟာ ယိမ်းထိုး​နေပြီး မှတ်​တိုင်​နားက ဓာတ်​ကြိုး​တွေဟာလဲ လှုတ်​ယမ်း​နောတမို့ လင်း​ကြောက်​စိတ်​ဝင်​လာသည်​။ အခုမှ မိုး​ပြောခဲ့သည်​မုန်​တိုင်းဝင်​နေတယ်​ဆိုတဲ့စကားကို လင်း ပြန်​အမှတ်​ရ​လေ​တော့သည်​။

​ကျောင်းဝန်းထဲပဲ ခဏပြန်​ဝင်​နေရမလားလုိ့​တွေး​နေစဉ်​မှာပဲ သူ့​ရှေ့တည့်​တည့်​သို့ ကားအဖြူ​လေးတစ်​စီး ဆိုက်​ရောက်​လာသည်​။ ပြီး​တော့ ကားမှန်​တံခါးကိုချလိုက်​သဖြင့်​ကားထဲတွင်​ရှိ​နေသည့်​လူကို လင်း​တွေ့လိုက်​ရပါသည်​။

" ဆရာမ .... ကား​စောင့်​နေတာလား ခင်​ဗျ ..... ကျွန်​တော်​တေဇာပါ မှတ်​မိတယ်​မဟုတ်​လား ? "

Don't Stop Believing Onde as histórias ganham vida. Descobre agora