Episode - 53

6.4K 550 91
                                    


(2009, May....)

သူ့က​လေး​လေး မိုးဝသန်​လွင်​ဂျပန်​သို့အလည်​သွားရန်​၁ ရက်​အလိုကျမှ​မေ​မေကညဘက်​ကြီး နှလုံးအ​မောထ​ဖောက်​တာမို့​အိမ်​ဘေးနားက အိမ်​နီးချင်း​တွေကို အကူအညီ​တောင်းပြီး ညတွင်းချင်း​ဆေးရုံတင်​ခဲ့ရသည်​။​နောက်​တစ်​နေ့ကျ​တော့လဲ​မေ​မေ့အနားမှာပဲ တစ်​ချိန်​လုံး​အရိပ်​တကြည့်​ကြည့်​နဲ့ စောင့်​ကြည့်​ပေး​နေရတာမို့ က​လေးဆီဖုန်း​တောင်​မဆက်​အား ။

ကံ​ကောင်းချင်​တော့​ည​နေ​လောက်​မှာ​ဆေးရုံကို​ရောက်​လာ​သော မမမြတ်​ကို​မေ​မေ့​ဘေးခဏ​နေခိုင်း၍ က​လေးဆီသို့ အ​ပြေးလာ​တွေ့ခဲ့ရပါသည်​။​တွေ့​တော့လဲ လွမ်းခန်း​တောင်​သယ်​နေဖို့အချိန်​မ​ပေးနိုင်​။​ပေးစရာရှိတာ​လေး​တွေ​ပေးပြီး ချက်​ချင်းပဲပြန်​ခဲ့ရ၏ ။

ည​လေယာဉ်​နဲ့ က​လေးဂျပန်​ကိုသွားရမယ်​ဆို​တာသိလို့ က​လေး​လေယာဉ်​ထွက်​ခါနီးမှာ စိပ်​ပုတီး​လေးလက်​က ကိုင်​ရင်း​မေ​မေပြန်​နေ​ကောင်းလာဖို့အတွက်​နဲ့ က​လေးဟိုကိုအန္တရာယ်​ကင်း​စေဖို့ ပုတီးစိပ်​ဆု​တောင်း​ပေး​နေမိသည်​။

​ဒီကြားထဲမှာ မမမြတ်​နဲ့ တပည့်​လေးဖြစ်​တဲ့​ဇွဲကိုကို​ဇော်​တို့လာ​ရောက်​ကူညီ​ပေးခဲ့ကြလို့သာ လင်း အနည်းငယ်​အသက်​ရှုချာင်​ခဲ့ရသည်​။ နို့မို့ဆို လင်း မှာ အိမ်​ပြန်​ပြီး​မေ​မေ့အတွက်​အစားအ​သောက်​လေးစီစဉ်​ပေးဖို့ အတွက်​တောင်​မှ အဆင်​ပြေမည်​မဟုတ်​ခဲ့ ။

​မေ​မေ့ရဲ့အ​ခြေအ​နေက​တော့​ဆေးရုံတင်​ထား​တယ်​ဆို​ပေမဲ့လဲ ပြန်​ပြီးသက်​သာလာတဲ့ အ​ခြေအ​နေမှာ မရှိခဲ့ ။ ခွဲစိတ်​ကုသဖို့လိုအပ်​တယ်​ဟု ဆရာဝန်​တွေက​ပြောကြတဲ့အခါ လင်း အတွက်​အခက်​အခဲကစရှိလာခဲ့ပြီ ။ လက်​ထဲမှာ​မေ​မေ့ရဲ့ခွဲစိတ်​မှုအတွက်​ငွေ​ရေး​ကြေး​ရေးက လုံလုံ​လောက်​လောက်​မရှိခဲ့ပါ ။ တကယ်​တမ်း​ပြောရလျှင်​ခွဲစိတ်​ဖို့စရိတ်​အတွက်​မ​ပြောပါနှင့်​။ သူလနဲ့ချီပြီး စု​ဆောင်းခဲ့ရတဲ့​ငွေ​လေး​တွေဟာ ရက်​ပိုင်း​လေးမှာတင်​မေ​မေ့အတွက်​ဆေးစရိတ်​နဲ့ပဲ ကုန်​လုနီးပါးရှိခဲ့ပြီဖြစ်​သည်​။

Don't Stop Believing Where stories live. Discover now