Episode - 6

7.9K 644 19
                                    


မိုး အိမ်​သို့ပြန်​ရောက်​သော အခါသူ့အ​ဖေကို​တွေ့လိုက်​ရသဖြင့်​ဝမ်းသာအားရ​ပြေးဖက်​လေ​တော့သည်​။

" Daddy ...... "

" Hanna သမီး​လေး ...... "

သူ့အ​ဖေက သူ့ကို အ​မေ​ခေါ်​နေကျနာမည်​အတိုင်း Hanna ဆိုတဲ့ ဂျပန်​နာမည်​လေးကိုသာ ချစ်​စနိုးနဲ့​ခေါ်​နေကျဖြစ်​သည်​။

" Daddy ဒီတစ်​ခေါက်​ပြန်​ရောက်​တာ​စောသားပဲ​နော်​.... "

" ဟုတ်​တယ်​သမီး​လေးရဲ့ Daddy ရဲ့ လုပ်​ငန်းကိစ္စ​တွေ​မြန်​မြန်​အဆင်​ပြေသွားတာနဲ့​စော​စောပဲ ပြန်​လာဖြစ်​သွားတာ .... "

အ​ဖေက သူ့သမီး​ခေါင်း​လေးကို ပွတ်​ပေးရင်း

" သမီး​ကျောင်းစတက်​နေရပြီမဟုတ်​လား ... ဘယ်​လိုလဲ အဆင်​ပြေရဲ့လား ?​ကျောင်းစာ​တွေ​ကောလိုက်​နိုင်​ရဲ့လား ? "

" ဟုတ်​... ဒါနဲ့​လေ Daddy ကို​လေ သမီး request​လေးတစ်​ခု​လောက်​လုပ်​ချင်​လို့ .... "

" တစ်​ခုမဟုတ်​ဘူး ကြိုက်​သ​လောက်​သာ​ပြော Daddy အကုန်​ဖြည့်​ဆည်း​ပေးမယ်​..... "

" ဟို​လေ သမီး ဆရာမတစ်​ယောက်​လောက်​အိမ်​မှာ​ခေါ်ပြီး ကျူရှင်​သင်​ချင်​လို့ အဲ့ဒါ Daddy ဆရာမကို​ပြော​ပေးပါလား .... သမီး အိမ်​ခေါ်ခဲ့မယ်​လေ ..... "

"​ခေါ်ခဲ့​လေ သမီး .... Daddy လုပ်​ပေးမှာ​ပေါ့ ... ဒါနဲ့တစ်​ယောက်​ထဲပဲလား သမီးရဲ့ .... သမီး​လေးက အခု ၁၀ တန်း​တောင်​ရောက်​နေပြီပဲဟာ ..... ၆ ဘာသာ ၆​ယောက်​လောက်​တော့​ခေါ်ရမှာ​ပေါ့ ... တစ်​ဘာသာတစ်​ယောက်​ပဲ သင်​ကြတာမဟုတ်​ဘူးလား ... "

မိုး ရယ်​ကာ​ခေါင်းခါလိုက်​ပြီး

" သမီးက ဆရာမ​ဒေါ်လင်းဝတ်​ရည်​သော်​တစ်​ယောက်​ထဲနဲ့ပဲသင်​ချင်​တာ Daddy ရဲ့ .... အဲ့ဆရာမက​လေ တအား​တော်​တာ .... Daddy ကြည့်​နေ သမီး ဒီနှစ်​All D ထွက်​အောင်​ကြိုးစားပြမယ်​.... "

သူ့သမီး​လေးကိုယ်​တိုင်​ကိုက ပညာ​ရေးကိစ္စကို လိုလိုလားလားနဲ့ အားတက်​သ​ရော်​မ​ပြောစဖူး​တွေ စ​ပြော​နေသည်​မို့ ဦး​ကောင်းထက်​မိုး ပီတိ​တွေဖြာ​ဝေ​နေ​ချေပြီ ။ သူတအားလဲ အံ့သြလို့​နေသည်​။ သူ့သမီး​လေးမှာ အရင်​ကနဲ့မတူ​တော့ပဲ ပိုတက်​ကြွသွက်​လက်​လာတာ​တော့ အမှန်​ပင်​။ အထူးသဖြင့်​အရင်​ကမပြုံးမရွှင်​တဲ့ သူ့သမီးမျက်​နှာ​လေးမှာ ပြုံးရွှင်​နေသည်​မုိ့ သူလဲ အ​ပျော်​ကြီး​ပျော်​နေ​လေပြီ ။

Don't Stop Believing Where stories live. Discover now