Episode - 50

6.5K 591 71
                                    

အိမ်​ပြန်​ရောက်​တဲ့ အခါမှာ​တော့ အိမ်​မှာ​မေ​မေကလွှဲပြီး ဘယ်​သူ့ကိုမှ မ​တွေ့ရ ။​

တံခါးလာဖွင့်​ပေးတဲ့ သူ့​မေ​မေကို ကြည့်​ပြီး

"​မေ​မေ .... ကို​တေဇာ​ကော ? "

" မနက်​ထဲက အပြင်​ထွက်​သွားတာ ပြန်​မလာ​သေးဘူး သမီးရဲ့ .... "

"​ဟင်​! ဟုတ်​လား ....​ဆေးရုံကိုလဲ​ရောက်​မလာဘူး     ဒါနဲ့ လပြည့်​လေး​ကော​မေ​မေ ? "

"​မေ​မေ့အခန်းထဲမှာ​ကျောင်းကပြန်​ရောက်​တော့ ထမင်းစားပြီးတာနဲ့ အိပ်​နေတယ်​.... "

"​အော်​ဟုတ်​..... "

အိမ်​ထဲဝင်​လိုက်​တာနဲ့ ပထမဆုံး သွားကြည့်​မိလိုက်​တာက အိပ်​ပျော်​နေတဲ့ သူ့သမီးငယ်​လေး လပြည့်​ဝန်း​လေး ကိုပင်​။​ခြေကားယားလက်​ကားယားနဲ့ အိပ်​ပျော်​နေတဲ့ သူ့သမီးဝက်​ပေါက်​လေးရဲ့ ပါး​ဖောင်း​ဖောင်း​လေးကို လင်း တစ်​ဝကြီးနမ်းရှိုက်​လိုက်​၏ ။

သူနမ်းလိုက်​တာ​တောင်​မှ ထိုဝက်​လေးက မနိုးလာ​သေး ။ တခူးခူး တ​ခေါ​ခေါနဲ့ တစ်​ချက်​တစ်​ချက်​သား​ရေ​လေး​တွေက ထွက်​ကျလာ​သေးသည်​။

အိပ်​ပျော်​နေတဲ့ သမီး​လေးရဲ့မျက်​နှာကို လင်း တစ်​ဝကြီး​ငေးကြည့်​ပြီး​တော့မှ အခန်းထဲက ပြန်​ထွက်​လာခဲ့သည်​။

" သမီး​ရေချိုးလိုက်​ဦးမယ်​နော်​မေ​မေ .... "

"​အော်​အေး​အေး သမီး .... ည​နေကျ​ဆေးရုံပြန်​သွားမှာ မဟုတ်​လား ? "

" ဟုတ်​မေ​မေ ... "

" မနက်​ဖြန်​မနက်​ကျရင်​တော့​မေ​မေပါလိုက်​လာခဲ့မယ်​..... "

"​မေ​မေလာ​တော့​နွေး​လေးလဲ ပိုအားရှိသွားတာ​ပေါ့ .... မနက်​ကျမှ အကိုနဲ့ လိုက်​ခဲ့​နော်​... "

"​အေး​အေး ... ကဲ သမီး​ရေချိုးဦး ...​မေ​မေ အခန်းထဲဝင်​ပြီး ပြည့်​လေးနိုးလာတဲ့အထိ​စောင့်​ပေးလိုက်​ဦးမယ်​.... "

Don't Stop Believing Where stories live. Discover now