မနက်ဆို မိုး တစ်ယောက်သူ့မမကို ကားဂိတ်တွင်အမြဲ ရပ်စောင့်နေတတ်သည်။ ပြီးရင်လာသမျှ ၄၈ Bus ကားတွေကိုမျှော်ရတာ အမော ။ တခါတလေဆို လည်ပင်းတွေတောင်ပိုရှည်လာပြီလားဟု သူ့ကိုယ်သူ ထင်နေမိခဲ့သည်။
သူ့မမ ကားပေါ်ကနေ ဆင်းလာတာကိုတွေ့လိုက်ရင်တော့ အပြေးအလွှားနဲ့ လင်း ရဲ့ကြိမ်ဆွဲခြင်းတောင်းလေးကို ဆွဲယူရတာလဲ အမောပင်။
ပြီးလမ်းတူတူကူးကျောင်းဆောင်ကြီးသို့ တူတူလျှောက်လှမ်းရင်း စကားတွေပြောကာဖြင့်မနက်ခင်းတိုင်းကတော့ မိုး အတွက်မင်္ဂလာရှိလှပါသည်။လင်း သင်သည့်စာသင်ချိန်တိုင်းဆို အမြဲတက်ကြွစမြဲပင်။ မုန့်စားဆင်းချိန်တွေတိုင်းမှာတော့ ဆရာတပည့်၂ယောက်အမြဲ ထမင်းဝိုင်းလေးဖွဲ့ကာ စားသောက်တတ်ကြသည်။ မိုးမရွာရင်ခရေပင်ကြီအောက်က ခုံတန်းလေးက သူတို့ ၂ယောက်ရဲ့ ကန်တင်းလေးဖြစ်ခဲ့သလို မိုးရွာတဲ့ရက်တွေမှာတော့ကျောင်းဆောင်ပေါ်က ဆရာများနားနေခန်းရှေ့က စားပြွဲကီးဟာပျော်ရွှင်ဖွယ်အားလပ်ချိန်အပန်းဖြေရာ resortလေးပဲပေါ့ ။ကျောင်းဆင်းချိန်ဆို အိမ်တူတူပြန်ကြ ပြီးနေ့လည်စာတူတူစားကြပြီးမှ စာလုပ်ကြသည်။ လင်း နဲ့အတူတူရှိနေချိန်တိုင်းကတော့ မိုးအတွက်သုခဘုံပဲ ဖြစ်၏ ။
ဒီလိုနဲ့ ပထမဆုံးလပတ်စာမေးပွဲလဲ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။
မုန့်စားဆင်းချိန်၌ ....
မိုးလေးကတဖွဲဖွဲရွာနေသည်မို့ ဆရာများနားနေခန်းရှေ့ ဝရံတာက စားပွဲခုံကြီးပေါ်တွင်မုန့်လင်မယားထုတ်လေးက အသင့်သားရှိနေသည်။
" ကလေး ကြိုက်တဲ့မုန့်လင်မယား။ မနက်ထဲကဝယ်လာတာဆိုတော့အေးနေပြီ ... ပူပူနွေးနွေးလေးဆို ပိုစားကောင်းမှာ ..... "
မိုး မျက်လုံးလေး ၂ လုံးကိုကွေးနေအောင်ပြုံးလိုက်ရင်း
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...