"မေမေ .... "မိုး ရဲ့ပါးစပ်မှ တလှုပ်လှုပ်ဖြင့်အမေကိုတမ်းတယောင်ယမ်းနေတာမို့ လင်း မိုးရဲ့ခေါင်းကို လက်နဲ့ဖွဖွလေး ပွတ်ပေးလိုက်သည်။
" ကလေး ရယ် ..... "
ဆေးတွေသွင်းထားတာ ၁ နာရီကျော်မျှကြာသွားပြီဆိုပေမဲ့လည်း မိုး ယခုတိုင်မနိုးလာသေးပေ ။ ခဏနေပြန်တော့ မိုး ထံမှယောင်ယမ်းသံတိုးတိုးလေး ထပ်မံထွက်ပေါ်လာပြန်သည်။
" မ ... မ ... မိုး တောင်းပန်ပါတယ်... မိုး ကို မ ထား ခဲ့ ပါ နဲ့ ... မ .... "
" အို .....ကလေးရယ် .... "
လင်း သူ့ကလေးရဲ့ လက်နုနုလေးကို ဖမ်းဆုပ်ကိုင်ပြီး သူမရဲ့ပါးပြင်၌ ကပ်ထားမိလိုက်သည်။ ဟုတ်တယ်သူငိုနေမိပြန်သည်။တွေ့ဆုံကြတာ မကြာသေးဘူးဆိုပေမဲ့ သူ ဒီကလေးလေးကို သိပ်ချစ်ပါသည်။ အခုတော့ သူသိပ်ချစ်တဲ့ ကလေးကို အခုလိုမျိုး သူကိုယ်တိုင်ဒဏ်ရာတွေပေးခဲ့မိပြီ ။
မိုး ရဲ့လက်ပေါ်သို့ လင်း ရဲ့မျက်ရည်စက်တွေ တပေါက်ပေါက်ကျခဲ့သည်မို့ လက်ဖဝါးပေါ်က စိုစွတ်မှုကို ခံစားမိပြီး မိုး မျက်လုံးလေးများ ပွင့်ဟလာခဲ့သည်။
လင်း ကတော့ မသိသေး ။ မိုး ရဲ့လက်ကိုဆုပ်ကိုင်လျက်ဆက်ငိုနေမြဲ ။
" မငိုပါနဲ့ မ ရယ် ..... "
တိုးဖျော့လွန်းတဲ့လေသံလေးကြားလိုက်သဖြင့်လင်း ဝမ်းသာသွားသည်။ ကြည့်လိုက်တော့ သူ့ ကလေးလေးက မျက်ရည်တွေ ဝဲတက်နေပြီး ငိုချင်နေသည့်ရုပ်လေးဖြင့်။
"ကလေး သတိရလာပြီပဲ ... ဝမ်းသာလိုက်တာ ကလေးရယ်။ တော်သေးတာပေါ့။ တော်သေးတာပေါ့ ကလေးရယ် ... "
မိုး ရဲ့ နဖူးပေါ်က ဆံနွယ်စလေးများအား လင်း လက်နဲ့သပ်တင်ပေးလိုက်သည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...