Episode - 24

6.4K 572 51
                                    

နေ့လည်​မုန့်​စားဆင်းခါနီး​တော့

" ဟဲ့ ... ဒီ​နေ့ငါနဲ့ ကန်​တင်းလိုက်​ခဲ့ပါလား မိုးဝဿန်​... "

" ဟာ ငါ မ နဲ့ ... ဆရာမနဲ့ .... "

"​အောင်​မ​လေးဟယ်​လုပ်​မ​နေစမ်းပါနဲ့ နင်​ဆရာမ​ဒေါ်လင်းဝတ်​ရည်​သော်​ကို မ လို့ပဲ​ခေါ်​နေတာ ငါသိ​နေပါပြီဟယ်​.... "

ဇာလီတင့်​က မျက်​နှာကိုအချဉ်​ပေါက်​သည့်​ရုပ်​လုပ်​ပြ​တော့ မိုး ရယ်​လိုက်​မိသည်​။

" ငါ မ နဲ့​နေ့လည်​စာ အတူတူစားရမှာ .... "

" ဒီ​နေ့ ငါ့​မွေး​နေ့ဟ ... "

" ဟမ်​ဟုတ်​လား .... "

"​အေး အဲ့ဒါ​ကြောင့်​ငါနင့်​ကို မုန့်​ကျွေးချင်​လို့ .... ဒီ​နေ့တစ်​ရက်​တော့ လိုက်​ခဲ့ပါဟယ်​နော်​.... "

​မွေး​နေ့ရှင်​က​ခေါ်တာဆို​တော့လဲ မိုး အထူးတလည်​မငြင်းချင်​တာမို့

"​အေးပါဟာ ..... "

မုန့်​စားဆင်း​ခေါင်း​လောင်းထိုး​တော့ လင်း ထိုင်​စောင့်​နေကျ ခ​ရေပင်​အောက်​က ခုံတန်း​လေး​ပေါ်​စောင့်​နေ​လေသည်​။ ဓာတ်​ဗူး​သေး​သေး​လေးထုတ်​ကာ​ကော်​ဖီ​ခွက်​က​လေး​တွေပြင်​ဆင်​ရင်း သူတစ်​ယောက်​ထဲအလုပ်​ရှုပ်​နေရှာသည်​။ ဒီ​နေ့က​လေးကြိုက်​တဲ့ ဆီထမင်းကိုလဲ မနက်​၄ နာရီ​လောက်​ထဲက ထထိုးထားတာမို့ က​လေးကိုမြန်​မြန်​စား​စေချင်​နေ​လေပြီ ။ သူ​မျှော်​နေကာမှပဲ က​လေးက​နောက်​ကျ​နေ၏ ။

တ​အောင့်​နေ​တော့ မိုး အ​ပြေးသူ့ဆီ​ရောက်​လာ​ပါသည်​။ မိုး ကို​တွေ့လိုက်​တော့ သူ့မျက်​နှာ​လေးမှာ အပြုံး​လေးတစ်​ခု​ပေါ်လာသည်​။ သို့​ပေမဲ့လဲ မ​ရှေးမ​နှောင်းမှာ ကပ်​ပါလာတဲ့ ဇာလီတင့်​ကိုမြင်​လိုက်​ပြန်​တော့ လင်း ရဲ့အပြုံးတစ်​စုံမှာ ပြန်​လည်​မှေးမှိန်​ခဲ့​ရသည်​။

" က​လေး .... "

" မ .... Sorry​ နော်​။ ၄ အချိန်​ဆရာမက​ကျောင်း​ခေါင်း​လောင်းထိုးတာကို ချက်​ချင်းမလွှတ်​ပေးလို့ ကြာ​နေတာ .... "

Don't Stop Believing Where stories live. Discover now