episode 3

10.5K 741 26
                                    

က​လေးအ​တွေး....(part 3)
------------------

ည​နေ​နေဝင်​ရီတ​ရောအချိန်​သည်​ ပုစွန်​ဆီ​ရောင်​​ကောင်းကင်​​ကြောင့်​ လမ်းမ​ပေါ်မြင်​ကွင်းသည်​ နီသ​ယောင်​ရှိသည်​။သက်​တန့်​တို့လမ်းအတွင်း ​ည​နေဘက်​ လမ်း​လျှောက်​ထွက်​သူများ၊တစ်​ချို့လူလတ်​ပိုင်းများ၏ အ​ပျော်​ပါးထွက်​ရန်​ပြင်​ဆင်​​နေမှုများ၊က​လေးငယ်​များ၏​ဆော့ကစားမှုများဖြင့်​ စည်​​ဝေ​နေသည်​။

လမ်းအတွင်းသို့ စ​တော်​ဘယ်​ရီ​ဖျော်​ရည်​ဘူး​လေးကိုင်​လျက်​ သက်​တန့်​​သွေးက ​စောင့်​​အောင့်​ကာဝင်​လာသည်​။သက်​တန့်​အ​နောက်​မှ ကြည်​သာက မျက်​နှာငယ်​​လေးဖြင့်​ တစ်​ခုခုကို​တောင်းဆိုလျက်​လိုက်​ပါလာသည်​။

''င​သွေးရယ်​....လုပ်​ပါဟာ...ငါ့ကိုဦးမြတ်​ထန်​နဲ့တစ်​ခါ​လေးပဲမိတ်​ဆက်​​ပေးပါ​နော်​.....''

''မဖြစ်​နိုင်​ပါဘူးဆိုဟာ....မင်းကလဲ.....''

''ဘာလို့မဖြစ်​နိုင်​ရမှာလဲ......''

သက်​တန့်​က လှမ်းလာ​သောသူ၏​ခြေလှမ်းများကိုရပ်​ကာ အ​နောက်​လှည့်​၍ ကြည်​သာအား ​နောက်​နှုတ်​ခမ်းဖိကိုက်​လျက်​စူးစိုက်​ကြည့်​လိုက်​သည်​။သက်​တန့်​အကြည့်​​ကြောင့်​ကြည်​သာသည်​လဲ တုန့်​ခနဲရပ်​သွားသည်​။

''သူနဲ့ငါရန်​ဖြစ်​ထားတယ်​.......''

''မဖြစ်​နိုင်​တာ...မင်း​ပြောပုံအရဟိုကမင်းကို​တော်​​တော်​ချစ်​တာပဲဟာ.....အ​ဖြေမရ​သေးတဲ့အချိန်​​တော့မင်းစိတ်​ဆိုး​အောင်​မလုပ်​​လောက်​ပါဘူး.....''

ဇွတ်​ကို​မေး​နေ​သော...ကြည်​သာကို သက်​တန့်​ထုရိုက်​ပြစ်​ချင်​လာသည်​။မိတ်​ဆက်​​ပေးဟူ​သောစကားကို ကြည်​သာကလွယ်​လွယ်​​ပြောထွက်​​ပေမဲ့ သက်​တန့်​က မြတ်​ထန်​ကိုဘယ်​က​နေဘယ်​လို​ခေါ်ပြီးမိတ်​ဆက်​​ပေးရမှန်းမသိ​ပေ.....။

''ဘာလို့....ဒီ​လောက်​ဇွတ်​ဖြစ်​​နေတာလဲ....သူကအလုပ်​မအားတဲ့သူ​လေ...ပြီးရင်​သူက...အဲ့လို​တွေ့ရာလူနဲ့မခင်​မင်​တတ်​ဘူး....က​လေးကလားအလုပ်​​တွေလဲမလုပ်​တတ်​ဘူး.....ရှင်းလား.....''

က​လေးအ​တွေးWhere stories live. Discover now