ကလေးအတွေး....(part 3)
------------------ညနေနေဝင်ရီတရောအချိန်သည် ပုစွန်ဆီရောင်ကောင်းကင်ကြောင့် လမ်းမပေါ်မြင်ကွင်းသည် နီသယောင်ရှိသည်။သက်တန့်တို့လမ်းအတွင်း ညနေဘက် လမ်းလျှောက်ထွက်သူများ၊တစ်ချို့လူလတ်ပိုင်းမ်ား၏ အပျော်ပါးထွက်ရန်ပြင်ဆင်နေမှုများ၊ကလေးငယ်မ်ား၏ဆော့ကစားမှုများဖြင့် စည်ဝေနေသည်။
လမ်းအတွင်းသို့ စတော်ဘယ်ရီဖျော်ရည်ဘူးလေးကိုင်လျက် သက်တန့်သွေးက စောင့်အောင့်ကာဝင်လာသည်။သက်တန့်အနောက်မွ ကြည်သာက မျက်နှာငယ်လေးဖြင့် တစ်ခုခုကိုတောင်းဆိုလျက်လိုက်ပါလာသည်။
''ငသွေးရယ်....လုပ်ပါဟာ...ငါ့ကိုဦးမြတ်ထန်နဲ့တစ်ခါလေးပဲမိတ်ဆက်ပေးပါနော်.....''
''မဖြစ်နိုင်ပါဘူးဆိုဟာ....မင်းကလဲ.....''
''ဘာလို့မဖြစ်နိုင်ရမွာလဲ......''
သက်တန့်က လှမ်းလာသောသူ၏ခြေလှမ်းများကိုရပ်ကာ အနောက်လှည့်၍ ကြည်သာအား နောက်နှုတ်ခမ်းဖိကိုက်လျက်စူးစိုက်ကြည့်လိုက်သည်။သက်တန့်အကြည့်ကြောင့်ကြည်သာသည်လဲ တုန့်ခနဲရပ်သွားသည်။
''သူနဲ့ငါရန်ဖြစ်ထားတယ်.......''
''မဖြစ်နိုင်တာ...မင်းပြောပုံအရဟိုကမင်းကိုတော်တော်ချစ်တာပဲဟာ.....အဖြေမရသေးတဲ့အချိန်တော့မင်းစိတ်ဆိုးအောင်မလုပ်လောက်ပါဘူး.....''
ဇွတ်ကိုမေးနေသော...ကြည်သာကို သက်တန့်ထုရိုက်ပြစ်ချင်လာသည်။မိတ်ဆက်ပေးဟူသောစကားကို ကြည်သာကလွယ်လွယ်ပြောထွက်ပေမဲ့ သက်တန့်က မြတ်ထန်ကိုဘယ်ကနေဘယ်လိုခေါ်ပြီးမိတ်ဆက်ပေးရမှန်းမသိပေ.....။
''ဘာလို့....ဒီလောက်ဇွတ်ဖြစ်နေတာလဲ....သူကအလုပ်မအားတဲ့သူလေ...ပြီးရင်သူက...အဲ့လိုတွေ့ရာလူနဲ့မခင်မင်တတ်ဘူး....ကလေးကလားအလုပ်တွေလဲမလုပ်တတ်ဘူး.....ရှင်းလား.....''
''သူငယ်ချင်းအချင်းချင်းကိုဟာ...မင်းကလဲကူညီပါနော်.....''
ကြည်သာက သက်တန့်၏လက်ကို ဆွဲကိုင်လှုပ်လျက်ပူဆာရှာသည်။အတွေးသက်သက်သာဖြစ်နေသည့် အခြေအနေကိုအကောင်အထည်ဖော်ရန်မွာလဲ သက်တန့်အတွက်ခဲယဉ်းလှပါသည်။
YOU ARE READING
ကေလးအေတြး
Romanceကျွန်တော့်အတွေးတစ်စသည် အမှားဖြစ်ခဲ့သည်ရှိသော်... သူနှင့်တွေ့ဆုံလိုက်ရမှုကြောင့် ထိုအတွေးများကို ကျွန်တော်မြတ်နိုးသည်။ #သက်တန့်သွေး သံယောဇဉ်သည်ရစ်ပတ်တွယ်တတ်မှန်း သိသော်လဲ ဖြတ်မရဆိုသည်ကိုတော့ ကျွန်တော်မယုံခဲ့ချေ...