ကလေးအတွေး....(episode -8)
--------------------------------မြတ်ထန် အစိုးရိမ်လွန်ကာဖြင့် သက်တန့်အနားသို့အပြေးသွားကာ ဘေးတွင်ထိုင်လိုက်သည်။သက်တန့်သည် မြတ်ထန်အားဝေဝေမှုန်မှုန်ကြည့်ရင်း တရှုံ့ရှုံ့နှင့်ငိုနေရှာသည်။တောင့်တင်းနေသော သက်တန့်ခန္ဓာကိုယ်တွင် နှုတ်ခမ်းလေးများသာ တုန်ခါနေသည်။သက်တန့်၏မျက်ဝန်းအတွင်း အားကိုးလိုမှုများကိုမြတ်ထန်မြင်တွေ့နေရသည်။အထူးသဖြင့် သူ့ကိုအားကိုရှာနေမှန်းမြတ်ထန်သိသည်။ခုအခါမျိုးတွင်တော့ သက်တန့်ကသနားစရာသတ္တဝါလေးတစ်ဦးလိုဖြစ်၍နေသည်။
''ဘယ်နားနားကဖြစ်နေတာလဲဟင်.....''
''တစ်ကိုယ်လုံးပဲဟီး.....''
''နေ့လည်ကအဝတ်လျှော်လိုက်လို့များလား....ခနလေးနော်...ကိုယ်ဆးလိမ်းပေးမယ်......''
မြတ်ထန်က အခန်းအပြင်သို့ ထွက်သြားကာ ခနအကြာတော့ voltex ဆေးဘူးကိုယူကာပြန်လာသည်။သက်တန့်၏ နဖူးကိုလက်ဖြင့်စမ်းသပ်ကာဘေးတွင်ထိုင်လိုက်သည်။
''ကိုယ်တော့မပူပါဘူး.....ကိုယ်ဆေးလိမ်းပေးမယ်နော်....ဘယ်နေရာကပိုနာလဲ သက်တန့်......''
''လက်မောင်း........''
မြတ်ထန်က ဆေးအနည်းငယ်ယူကာ သက်တန့်၏လက်မောင်းပေါ်သို့ဖြေးဖြေးချင်း အသာလေးဖိလျင်လိမ်းပေးသည်။ဆေး၏ အေးမြမှုသည် သက်တန့်၏လက်မောင်းမှတစ်ဆင့်နှလုံးသားကိုပါအေးမြသွားစေသည်။သက်တန့်က မြတ်ထန်ကို မမှိတ်မသုန် စူးစိုက်ကြည့်နေရာမှ မြတ်ထန်က သူ့အားပြုံးပြသည်။ထိုအပြုံးသည် ဖြူဖြူစင်စင်ဖြင့် နှစ်သိမ့်ပေးသောအပြုံးဖြစ်မည်။နှုတ်ခမ်းလေးဆန့်သွားယုံသာ.....။သို့သော် မြတ်ထန်၏ထိုအပြုံးကြောင့် သက်တန့် ရင်ဘက်ထဲလှိုက်ခနဲဖြစ်သွားရသည်။မြတ်စြာဘုရား.....တစ်ဒိတ်ဒိတ်အခုန်မြန်နေသော သူ့ရင်ခုန်သံကိုဦးမြတ်ထန်ကြားမှာ စိုးလှသည်။တစ်ခါမွမတွေးထားဖူးသော ပထမအကြိမ်အထိအတွေ့သည်ရင်တစ်ခုလုံးကိုဗြောင်းဆန်သြားစေသည်။သူ့ရင်ခုန်သံသည် ဦးမြတ်ထန်အပေါ်စီးချက်မွားနေပြီဟူသည်ကိုတော့ ထိုအချိန်ကသက်တန့်ရိပ်မိသည်။မာနလေးသာ မရှိရင် သူတစ်ကိုယ်လုံးကိုက်ခဲနေသည့်ကြားက အားတင်းရင်း တအားပြေးကာ ဦးမြတ်ထန်ရင်ခွင်ထဲခိုလှုံချင်မိသည်။ဘယ်လောက်ပင်သူ့အားနာကျင်အောင် ထိုးနှက်စော်ကားပါစေ တင်္ဒဂရသော ကြင်နာမှုလေးကြောင့် ဦးမြတ်ထန်အပေါ် အမုန်းငြိုးကာ အကြင်နာတွေတိုးနေမိသည်။ဦးမြတ်ထတ်ကိုကြင်နာတတ်သူဟုသာကောက်ချက်ချမိသည်။အနာပေးလိုက်ဆေးပေးလိုက်ဆိုသော်ငြားလား.....ထိုအနာကိုပင် သက်တန့်က ရူးရူးမိုက်မိုက်လိုချင်နေမိသည်။
YOU ARE READING
ကေလးအေတြး
Romanceကျွန်တော့်အတွေးတစ်စသည် အမှားဖြစ်ခဲ့သည်ရှိသော်... သူနှင့်တွေ့ဆုံလိုက်ရမှုကြောင့် ထိုအတွေးများကို ကျွန်တော်မြတ်နိုးသည်။ #သက်တန့်သွေး သံယောဇဉ်သည်ရစ်ပတ်တွယ်တတ်မှန်း သိသော်လဲ ဖြတ်မရဆိုသည်ကိုတော့ ကျွန်တော်မယုံခဲ့ချေ...