ကလေးအတွေး....episode 9
------------------------------''မေမေဒါကဘယ်လိုဆက်လုပ်ရမွာလဲ.......''
သက်တန့်က အကြော်ဆရာ မီးဖိုခနနားနေတုန်း....မေမေ့ဆီမှာဟင်းချက်ပညာသင်နေခြင်းဖြစ်သည်။ခုဆိုကြက်ဥမွှေကြော်ရယ်၊ငါးပိရည်ချိုရယ်၊ချက်တတ်နေေလပြီ။
အကြော်ကြော်သည့်အခန်းထဲမွ နေ၍ အသံခပ်ဆာဆာဖြင့် လှမ်းခေါ်နေသောကြောင့် ဒေါ်ခွာညို ကောင်တာကြည့်ရင်းတစ်ဖက်ဖြစ် ရှေ့သွားရမလို နောက်သွားရမလိုဖြစ်နေသည်။''ငါးကကြော်ပြီးသွားပြီလား.......''
''ကြော်ပြီးပြီမေမေ.......''
''ခနမေမေလာခဲ့မယ်........''
ကောင်တာကစာရင်းမ်ားကို အမြန်ရှင်းပြီး ဒေါ်ခွာညို အကြော်ခန်းထဲသို့ဝင်လာသည်။သက်တန့်က မီးဖိုရှေ့တွင်ကုန်းကုန်းကွကွဖြင့် ဒယ်အိုးပဲခ်ရမလို ပဲဆီပဲထည့်ရတော့မလိုဖြစ်နေသည်။
''ဖယ်ဖယ်.....အမောင်သက်တန့်ရဲ့.....ပြန်လာတာနဲ့ တစ်အိမ်လုံး အရှုပ်တွေပေးတော့တာပဲ.......''
''အဲ့ဒါဆို မေမေတို့ကဘာလို့ပြန်ခေါ်နေတုန်း......''
''အမလေး....မွေးရကျိုးနပ်တဲ့သား...အမေကိုခွန်းတုံ့ပြန်နေလိုက်တာ......နှုတ်သီးကောင်းလျှာပါးနဲ့.......ဖယ်စမ်းအလုပ်မအားရတဲ့အထဲ......''
ဒေါ်ခွာညို သက်တန့်၏တင်ပါးကို ခပ်စပ်စပ်ပုတ်ရင်းရှေ့မှဖယ်ခိုင်းလိုက်သည်။
ပြီးနောက် ဒယ်အိုးကိုခ်၍ အတွင်းမွ ကက်ကတစ် ငါးကြော်များကိုဆယ်ယူသည်။ငါးကြော်ပြီးသားဆီကိုလဲဖယ်ကာ ခနအအေးခံ၏။မေမေလုပ်ပုံများကို သက်တန့်ကတစ်ချက်အလွတ်မခံပဲကြည့်နေသည်။မေမေချက်သည့်ဟင်းများအားလုံးကစားကောင်းလှသည်။ထိုအထဲမွာမွ မေမေ့ငါးကြော်နှပ်လက်ရာသည်အကောင်းဆုံးဖြစ်သည်။ပညာအမွေဆက်ခံသည့်သဘောဖြင့် သက်တန့်ကမေမေ့ချက်နည်းမ်ားကို အိုးသွန်ဖာမှောက်အကုန်ပြန်သင်သည်မှာ ဦးမြတ်ထန်လျှာလည်စေရန်အလို့ငှါရည်ရွယ်ပါသည်။ဦးမြတ်ထန်ဆိုမွ သူဦးမြတ်ထန်နှင့်မတွေ့ရသည်မှာပင် ၂ရက်ရှိပြီ....။
ဆီအနည်းငယ်အေးသည်အခါ မေမေက ဒယ်အိုးကို မီးဖိုပေါ်ပြန်တင်သည်။ငါးကြော်ထားသည်ဆီကိုပင် ပြန်လည်ကာဆီသတ်နေသည်။မေမေက ကြက်သွန်ကိုပါးပါးမလွီးပဲ လေးစိတ်ခြမ်းပါသည်။ဆီသတ်သည့်အထဲ နနွင်းမှုန့်အနည်းငယ်ကိုပါရော၏။ပြီးနောက် ကြက်သွန်အရောင်ဝါလာသည့်အခါ.....ငါးကြော်ကိုထည့်သည်။ခနအကြာမှမေမေက ပဲငံပြာရည် ဆမ်းသည်။(Ps စိတ်ထဲရှိတာလျှောက်ရေးနေတာနော်အဲ့အတိုင်းသွားမချက်နဲ့ ဟင်းပျက်သွားလျှင်တာဝန်မယူ....ငါးကြော်ပြီးသားဆီကိုဆီပြန်သတ်တယ်ဆိုကတည်းက ကျုပ်ဟင်းချက်စကေးကိုသိနိုင်မည်ထင်သည်)
YOU ARE READING
ကေလးအေတြး
Romanceကျွန်တော့်အတွေးတစ်စသည် အမှားဖြစ်ခဲ့သည်ရှိသော်... သူနှင့်တွေ့ဆုံလိုက်ရမှုကြောင့် ထိုအတွေးများကို ကျွန်တော်မြတ်နိုးသည်။ #သက်တန့်သွေး သံယောဇဉ်သည်ရစ်ပတ်တွယ်တတ်မှန်း သိသော်လဲ ဖြတ်မရဆိုသည်ကိုတော့ ကျွန်တော်မယုံခဲ့ချေ...