episode 28

8.3K 578 59
                                    

က​လေးအ​တွေး episode 28
===================

ကျိုက်​သန်​လန်​ဘုရား မှ​နေ၍ ​မော်​လမြိုင်​မြို့အား အ​ပေါ်စီးမှ မြင်​​တွေ့ရမှုသည်​ လွမ်း​မောဖွယ်​​ကောင်း​လေစွ..။ သစ်​ပင်​ထိဖျား အ​ဆောက်​အဦးထိပ်​ဖျားများကို မြူများလွှမ်း​နေသည့်​ ကြားမှ တစ်​စွန်းတစ်​စမြင်​​တွေ့ရခြင်းက မျက်​စိပဒါသရှိလှသည်​။ ထိုမြူများလွှမ်းခြုံ​နေသည့်​ ပြင်​ကျယ်​ကြီး၏ မျက်​စိတူရူ ​ရှေ့မြင်​ကွင်းတစ်​ဆုံးတွင်​ နီဝါ​ရောင်​ ​နေမင်းကြီးကထွက်​စပြု​နေ​ပေပြီ....။ ထိုမြူများကြားမှ ခပ်​​ဝေး​ဝေးရှိ အတ္တရံတံတားကိုလဲ မပီပြင်​ဝိုးတဝါးမြင်​​တွေ့​နေရ​သေးသည်​။ အရာရာလွမ်း​မောဖို့​ကောင်း​နေသလို မြတ်​ထန်​၏ စိတ်​အစဉ်​တွင်​လဲ လွမ်းဖွယ်​အတိဖြစ်​၍​နေပါသည်​။

"သာယာတယ်​​နော်​ ကိုမြတ်​ လွမ်း​မောဖွယ်​​လေး....."

လွမ်း​မောဖွယ်​....။ မြတ်​ထန်​က နှင်း၏ ​ပြောစကားကို ပြန်​လည်​ကာသုံးသပ်​မိသည်​။ လွမ်း​မောဖွယ်​ဆိုသည်​မှာ နှင်းက ပတ်​ဝန်းကျင်​ကို ဆိုခြင်းဖြစ်​မည်​။
သို့ရာတွင်​ မြတ်​ထန်​၏စိတ်​တွင်​လဲ လွမ်း၍​မောပန်း​နေပါသည်​။ ထိုသို့လွမ်းသလိုခံစားရမိသည်​နှင့်​ ကျန်​ရစ်​ခဲ့​သော သက်​တန့်​ကိုသတိရမိ​လေသည်​။ သူလွမ်းသလို​ရော သက်​တန့်​များလွမ်း​နေမလား....။ ဒီပုံစံ ဒီမြင်​ကွင်းမျိုးကို သက်​တန့်​ကြိုက်​နှစ်​သက်​မည်​မှာမလွဲဧကန်​ပင်​...။ ထိုသို့ သက်​တန့်​၏အကြိုက်​များကို သူယခင်​ကဘာ​ကြောင့်​မ​တွေးမိခဲ့ပါသနည်း။ တစ်​​နေ့​တော့ သက်​တန့်​လက်​ကိုဆုပ်​ကိုင်​ကာ လွမ်း​မောဖွယ်​ ခုလိုမြင်​ကွင်းမျိုးကို နှစ်​​ယောက်​အတူ ကြည့်​ခွင့်​ရချင်​မိသည်​။

မြတ်​ထန်​စကားမပြန်​ဖြစ်​ပဲ ခပ်​​ဝေး​ဝေးရှိ အတ္တရံတံတားကိုခပ်​​ဆွေး​ဆွေး​လေး ​ငေးကြည့်​​နေမိသည်​။နှင်းက သူ့အားမသက်​မသာပြုံးကာ​ကျောခိုင်းလျက်​ ဘုရားရင်​ပြင်​ကိုလက်​ယာလှည့်​ပတ်​​လေသည်​။ ခုချိန်​တွင်​ သူ နှင်း၏ စိတ်​ခံစားချက်​ကိုအ​လေးမထားနိုင်​​တော့....။ သူ့ခံစားချက်​အစစ်​အမှန်​၏ ​ခေါ်ရာ​နောက်​သာလိုက်​​နေမိသည်​။ ယခင်​ကဆို နှင်းနှင့်​အတူရှိ​သောအချိန်​များသည်​ သူ့အတွက်​ ​ပျော်​စရာအ​ကောင်းဆုံးအချိန်​များဖြစ်​ခဲ့သည်​။ သို့ရာတွင်​ ယခုမူ ဟိုစဉ်​အချိန်​​တွေ ပြန်​​တွေးမိ​တော့ ယခင်​က သူ၏အပြုအမူများသည်​ သူအစစ်​အမှန်​ဟုတ်​မှဟုတ်​ရဲ့လားသုံးသပ်​မိပြန်​၏။

က​လေးအ​တွေးWhere stories live. Discover now