episode 17

10K 629 52
                                    

က​လေးအ​တွေး.....(episode 17)
---------------------------------

''သက်​တန့်​​သွေး........''

ဒေါ်ခွာညို၏ ခပ်​ပြတ်​ပြတ်​ ခပ်​မာမာ စကားသံအဆုံးတွင်​ သက်​တန့်​တစ်​ချက်​တုန်​သွား၏။တစ်​ခြားအချိန်​များတွင်​သာ သက်​တန့်​အိမ်​တွင်​ဗိုလ်​ကျရဲသည်​။အမှားလုပ်​ထားသည့်​အချိန်​တွင်​​တော့ သူဘယ်​လိုမှ​ဖေ​ဖေနှင့်​​မေ​မေကိုမလွန်​ဆန်​ရဲ​ချေ။
ဒေါ်ခွာညိုက ကြည်​သာ​ပြောစကားထက်​ သက်​တန့်​​သွေး၏ ဝန်​ခံချက်​ကိုလိုချင်​​နေသည်​။

''ဟုတ်​​မေ​မေ.....သား...သား.....''

အထစ်​ထစ်​အ​ငေါ့​ငေါ့ဖြင့်​သက်​တန့်​မည်​သို့​ဖြေရှင်းရမည်​မှန်းမသိဖြစ်​​နေသည်​။ကြိုတင်​ပြင်​ဆင်​၍ အမှားကိုလာဝန်​ခံခြင်းဆို တစ်​မျိုး​ဖြေရှင်း၍ရနိုင်​သည်​။ရုတ်​တရတ်​ကြုံလာ​သော အဖြစ်​အပျက်​အတွက်​ သက်​တန့်​တွင်​ပြင်​ဆင်​မှုမရနိုင်​ဖြစ်​​နေသည်​။

''မင်းအလုပ်​​တွေအဲ့​လောက်​ရှား​နေလား...ဟမ်​....ငါတို့ကမ​ကျွေးနိုင်​မ​မွေးနိုင်​လို့လား...မင်းကိုအလုပ်​ရှာခိုင်းတာ အိမ်​​ဖော်​အလုပ်​မဟုတ်​ဘူး​ဟေ့....အိမ်​​ဖော်​မဟုတ်​ဘူး.....''

ဒေါ်ခွာညို ၏ခပ်​စွာစွာ​အော်​သံ​ကြောင့်​ဆိုင်​အတွင်း စားသုံးသူများနှင့်​ အလုပ်​သမားများပါ ဝိုင်းကြည့်​ကြ​လေသည်​။

ကြည်​သာကအ​ခြေအ​နေမမှန်​မှန်းသိ၍ လစ်​ထွက်​ရန်​ကြိုးစားသည်​။သူ့​စေတနာ ကို​စော်​ကားသည့်​ သက်​တန့်​ ကို နာနာ​လေး​တော့ ထိခိုက်​​စေလိုသည်​။

''အန်​တီ...သားပြန်​​တော့မယ်​​နော်​.....သားကလဲသူငယ်​ချင်းခုလို​နေ​နေရတာ..မကြည့်​ရက်​လို့​ပြောတာပါ.....''

ကြည်​သာက ​ဒေါ်ခွာညိုကိုနှုတ်​ဆက်​ပြီးသည်​နှင့်​လှည့်​ကာ သက်​တန့်​ကိုစကားနာထိုး​သေး၏။

''ငါသွားပြီ​နော်​..သက်​တန့်​....သနားလို့ဒီ​လောက်​ပဲ​ပြောခဲ့တာ......''

စပ်​​ကော့လက်​​ကော့ဖြင့်​ ထွက်​ကာသွား​သောကြည်​သာကိုကြည့်​ရင်းသက်​တန့်​စိတ်​ထဲကျိန်​ဆဲ​နေမိ၏။ကြည်​သာခုလိုလုပ်​လိမ့်​မည်​ဟုသက်​တန့်​မထင်​ထားခဲ့....။အမှန်​ဆို ယခုလိုအ​ခြေအ​နေကို သက်​တန့်​ယခင်​ကတည်းက​တွေးထားဖို့​ကောင်းသည်​။အမှန်​ဆို ထိုသို့​တွေးထားခဲ့လျှင်​ ​ဖြေရှင်းစရာအကြံဥာဏ်​​လေး​တော့ရမှာဧကန်​ပင်​။
ယခု​တော့ကျင်းထဲကြပ်​ထဲတွင်​ ​မေ​မေ၏စီရင်​ချက်​ကိုသာရင်​တထိတ်​ထိတ်​နှင့်​​စောင့်​​မျှော်​​နေရ၏။

က​လေးအ​တွေးWhere stories live. Discover now