epi 13 uni rated

1.2K 23 0
                                    

ကလေးအတွေး......(episode 13)
----------------------------------

သက်တန့်က သူ့အားချော့မြူနေသော မြတ်ထန်ကိုကြည့်နေရာမှ မြတ်ထန်၏ရင်ခွင်အတွင်းသို့ခေါင်းကိုဝင်တိုး၍ ရင်ကိုပါးနှင့်ပွတ်သပ်ကာဝှေ့၏။ကလေးတစ်ယောက်လိုပင် ပွတ်သပ်ကာ ကလူနေသော သက်တန့်၏ဦးခေါင်းမှဆံပင်များကိုမြတ်ထန်က ဖွကာပွတ်သပ်သည်။ပွတ်သပ်ရင်း ဆံဖ်ားစမ်ားကိုလဲတယုတယလေးနမ်းသည်။ယခင်အချိန်က ပျော်ပါးခဲ့သည်များတွင် ခက်ထန်ကြမ်းတမ်းမှုကိုသာအသွင်ဆောင်လိုသော မြတ်ထန်၏စိတ်ယာဂများသည် ယခုအချိန်ပထမဆုံးသက်တန့်ကိုမြင်ရသည်နှင့် ရှင်းရှင်းကွယ်ပျောက်ခဲ့လေပြီ......။သက်တန့်၏ အားငယ်သောမျက်ဝန်းများကိုမြင်ရချိန်တွင် သူပါသိမ်ငယ်လာသည်။သက်တန့်၏ ပြုမူပုံများတွင် ကျွမ်းကျင်မှုကအလျဉ်းမပါမှန်း မြတ်ထန်သိသည်။သူ့လိုလားမှုတစ်ရပ်ထဲကိုကြည့်ရင်း သက်တန့်ကပေးဆပ်နေမှန်းလဲသိသည်။သူသည်လဲ နောက်ပြန်လှည့်လို့မရသည့် ဆာလောင်မွတ်သိပ်မှုယာဂအောက်တွင် ကျရှုံးနေရလေပြီ.....။မည်သို့မှမတတ်နိုင်၍ ရွေးချယ်ခဲ့ရသောဒီလမ်းတွင်တော့ သက်တန့်အပေါ် သူမကြမ်းတမ်းလိုချေ။အားငယ်နေသော သက်တန့်ကို အားတစ်ခုဖြစ်စေနိုင်မည့်ယုယမှုလေးတော့ပေးချင်မိသည်။

သက်တန့်က မြတ်ထန်၏ခါးကို ပြတ်ထွက်လုမတတ်တင်းနေအောင်ဖက်ကာထားသည်။ဒီအခွင့်အရေးမျိုးသူ့အတွက်နောင်တစ်ကြိမ်မရနိုင်တော့ချေ။ရသည့်အချိန်တွင်တော့ သူမြတ်ထန်၏ယုယမှုအနည်းငယ်နှင့်ခိုလုံခွင့်ပေးသည်ကိုလိုချင်သည်။နောင်တစ်ဆက်တည်းလာမည့်အချိန်များတွင်မြတ်ထန်သည် ကြမ်းတမ်းလာနိုင်၏။ခက်ထန်လာနိုင်၏။ထိုသည်ကိုသိသော သက်တန့်အဖို့ ရရှိသောအနည်းငယ်မျှယုယမှုလေးကိုခုံမင်ကာတပ်မက်ပါသည်။

''ကလေး....ကိုယ်တို့ပြန်စကြရအောင်နော်.......''

သက်တန့်က ခါးကိုဖက်ကာထားမှုကိုဖြေကာလျော့လိုက်သည်။မြတ်ထန်၏အသံသည် အရမ်းကိုကြည်လင်ကာနေသည်။အရင်လိုပြတ်ပြတ်သားသားမဟုတ်။လေးတိလေးတွဲနှင့် တစ်စုံတစ်ရာက်ို် လေးပင်နေသည်။

''ကျွန်တော်ဘယ်လိုနေပေးရဦးမလဲ......ကျွန်တော်ဦးလေးကိုအားလုံးပေးဆပ်ဖို့အသင့်ပါပဲ.....ဦးလေးသဘောရှိလုပ်ပါ.....ပြီးလျှင်တော့.......''

က​လေးအ​တွေးWhere stories live. Discover now