epi 2 unicode

901 44 1
                                    

ကလေးအတွေး...(part 2)
-----------------

မျက်လုံးကလယ်ကလယ်ဖြင့် သူ့အားစိုက်ကြည့်နေသော သက်တန့်ကို ကြည်သာက နှုတ်ခမ်းတင်းတင်းစေ့လျက် အားကိုးအားထားပြုကာ ခေါင်းကိုညိတ်ပြသည်။LGBT တွေအတွက် supporter ကောင်းကောင်းရပြီဆိုသောအသိဖြစ်ပင် ကြည်သာက သက်တန့်ကို အားကျယုံကြည်နေမိသည်။

ကြည်သာ၏ ယုံကြည်ကိုးစားမှုအပြုအမူများကြောင့် ကိုယ်ကခဲ့သည့်ဇာတ်ကို နိုင်အောင်အဆုံးထိဆက်ကမည်ဟု သက်တန့်ကဆုံးဖြတ်၏။ဦးမြတ်ထန်လိုလူတစ်ဦးက LGBT မဟုတ်နိုင်သည့်အတွက် ဒီလိုမဂ္ဂဇင်းမျိုးကိုမဖတ်နိုင်ဟုလဲ ပေါ့ပေါ့တန်တန်လေးတွေးမိပြန်ပါသေးသည်။

''သူနဲ့စတွေ့တာက ကျိုက်ထီးရိုးသွားရင်းရထားပေါ်မှာတွေ့တာ နှစ်ယောက်ထိုင်ခုံဘေးချင်းကြတယ်ဆိုပါတော့.....ပထမဆုံးစတွေ့တွေ့ခြင်းသူ ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေက စားတော့မတတ်ပဲ...သူ့အကြည့်မြင်တော့ကျွန်တော်တောင်လန့်သွားတယ်သိလား.....''

သက်တန့်က ယုတိ္တတန်အောင် လက်ဟန်ခြေဟန်ဖြင့်အားရပါးရကိုပြောနေ၏။ဂျာနယ်အယ်ဒီတာက recorder ဖွင့်၍ သက်တန့်ပြောသမျှကို ဂရုတစိုက်နားထောင်ရှာသည်။အယ်ဒီတာလိုပင် ကြည်သာကလဲ နှုတ်ခမ်းဟလျက်သား နားထောင်သည်။တစ်ယောက်မှပင် သက်တန့်စကားကိုကြားဖြတ်မပြောချေ။

''အဲ့လိုကြည့်နေတုန်းမွာပဲ သူကစမိတ်ဆက်တာ.....''

သက်တန့်ကပြောရင်း လှုပ်လှုပ်ရှားရှားဖြစ်ကာ သူ၏ညာဘက်လက်ကိုရှေ့သို့ဆန့်တန်းလိုက်၏။မျက်နှာကလဲ ချက်ချင်းကိုတည်တံသြား၏။လေယူလေသိမ်းကိုလဲ လူဂုဏ်ထန် တစ်ယောက်နှယ် အသံသြသြဖြင့် မြတ်ထန်ပုံစံကိုတုပကာစကားဆိုသည်။

''ဟယ်လို...ကိုယ်က ဦးမြတ်ထန်ပါ...မော်လမြိုင် ငွေလသာ ဟိုတယ်ပိုင်ရှင်ပါ....''

ပြောပြီးသည်နှင့် သူကလက်ပြန်ရုတ်ကာ အံ့သြမှင်သက်သွားသည့်နှယ်မျက်လုံးပြူးလျက်....''အိုးမိုင်ဂေါ့.....ရုတ်ရတ်ပြောလိုက်တဲ့သူ့စကားကိုကျွန်တော်ဘယ်လိုမှမယုံနိုင်ဖြစ်သွားရတယ်လေ.....ပြီးတော့....သူလိုသူဌေးက ရထားစီးမလား.....နော့မဟုတ်ဘူးလား......''

က​လေးအ​တွေးWhere stories live. Discover now