episode 24

8.7K 573 37
                                    

က​လေူအ​တွေး....episode 24
=====================

ခုရက်​ပိုင်းအတွင်း မြတ်​ထန်​၏ပုံသည်​မူမမှန်​​ချေ။မူမမှန်​ဆိုသည်​မှာ ခိုး​ကြောင်​ခိုးဝှက်​ကိစ္စတစ်​ခုကိုကြိတ်​လုပ်​​နေသည်​ဟု သက်​တန့်​၏စိတ်​ထဲထင်​​နေမိခြင်းဖြစ်​သည်​။မေးပြန်​လျှင်​ ဟုတ်​တိပတ်​တိ မြတ်​ထန်​ကမ​ဖြေ...။ မင်းအလုပ်​မဟုတ်​ပါဘူး ဆို၍သာ လှိမ့်​​ကော ​နေ၍ တစ်​ခါနှစ်​ခါထက်​ သက်​တန့်​ဆက်​မ​မေးဖြစ်​​တော့....။

ထူးထူးခြားခြား​ပြောင်းလဲလာသည်​က အလုပ်​မှအားသည့်​အချိန်​များတွင်​ အခန်း​အောင်း​နေတတ်​ခြင်းနှင့်​ ​ချောင်းဆက်​တိုက်​ဆိုး​နေခြင်းတို့ဖြစ်​သညိ။

သက်​တန့်​က မြတ်​ထန်​အတွက်​မနက်​စာကို စားပွဲ​ပေါ်တွင်​ သပ်​သပ်​ယက်​ယက်​​လေးခင်းကျင်းကာပြင်​ဆင်​​ပေးထားသည်​။

မနက်​စာစားရန်​ အချိန်​အနည်းငယ်​​ကျော်​​နေပြီဖြစ်​​သော်​လဲ သင်​တန့်​က မြတ်​ထန်​အားမနှိုးဖြစ်​...။ညက အိပ်​ရာဝင်​ချိန်​​နောက်​ကျမည်​ဟု​တွေး၍ သက်​​တောင့်​သက်​သာနားနား​နေ​နေ​နေ​စေရန်​အတွက်​ ထမင်းဝိုင်းတွင်​သာ ယက်​ခက်​လျက်​​စောင့်​​နေ​ပေးမိသည်​။

"အဟွတ်​....အဟွတ်​....."

ထမင်းစားခန်းအဝမှ ​ချောင်းဟန့်​သံကြား​တော့ သက်​တန့်​က​နေရာမှ လှုပ်​လှုပ်​ရှားရှား​လေးထရပ်​လိုက်​ပါသည်​။ပြီး​နောက်​ မြတ်​ထန်​ရှိရာ​နောက်​သို့ကြည့်​၏။

မြတ်​ထန်​က အဝင်​ဝ​ဘောင်​ကိုလက်​တစ်​ဖက်​ဖြင့်​မှီကာ ကျန်​လက်​တစ်​ဖက်​က ပါးစပ်​ကိုအုပ်​၍ ​ချောင်းဆိုး​နေ​လေသည်​။ချောင်းသံသည်​ တစ်​​ဖြေး​ဖြေးရင်​​ခေါင်းသံများပါ ​ရော၍ ပါလာသည်​။

"အဟွင်း...အဟွတ်​...အွတ်​...အ...."

သက်​တန့်​က မြတ်​ထန်​ရှိရာသို့အလျင်​သွားကာ ​ကျောကိုပွတ်​သပ်​၍ ​ချောင်းသက်​သာ​စေရန်​ကူ​ပေးသည်​။

"ဦး​လေး....​နေမ​ကောင်းဘူးလားဟင်​...​ဆေးခန်းပြကြည့်​မလား....."

က​လေးအ​တွေးWhere stories live. Discover now