episode29

8.5K 627 38
                                    

က​လေးအ​တွေး episode 29
====================

"​ရော့ကိုမြတ်​အ​အေး ...."

နှင်းက​ပြော​ပြောဆိုဆိုဖြစ်​ မြတ်​ထန်​၏​ရှေ့သို့ အ​အေးခွက်​ကိုချလိုက်​ကာ ပြုံးတုံ့တုံ့​လေးပြုံး၏။ နှင်း၏အပြုံးသည်​ ​အောင်​နိုင်​သူသဖွယ်​အပြုံး...။ ​အောင်​နိုင်​သူအပြုံးကိုမှ ​ကောက်​ကျစ်​မှုအနည်းငယ်​ပါ​နေ၏။ ထိုသည်​ကို လူအကဲခတ်​မညံ့​သော မြတ်​ထန်​ကလဲသိ၏။

မြတ်​ထန်​က နှင်း၏အပြုံးကိုသ​ဘောမ​တွေ့...။ အထူးသဖြင့်​ သက်​တန့်​အ​ပေါ်
မရိုးမသား ခ​လောက်​ဆန်​သည့်​အပြုအမူများကို မ​ကျေမနပ်​ရှိလှသည်​။

"​သောက်​ဦး​လေ ကိုမြတ်​ ဘာကြည့်​​နေတာတုန်း..."

နှင်းက မခို့တရို့ပြုံးရင်း မြတ်​ထန်​၏​ဘေးတွင်​ဝင်​ထိုင်​လိုက်​ပါသည်​။
မြတ်​ထန်​အဖို့​တော့ နှင်းသူ့​ဘေးနားရှိ​နေသည်​ကို စိတ်​​လေးလံလွန်းအားကြီး​နေသည်​။

ပူ​လောင်​မှုကိုအနည်းငယ်​သက်​သာ​စေရန်​ အ​အေးဖြင့်​​မျှောချ​သော်​လဲ သက်​တန့်​​ဖျော်​​ပေး​သော သံပုရာရည်​​လောက်​အရသာမရှိလှ​ပေ။

"သက်​တန့်​​သွေး...သက်​တန့်​​သွေး......"

အနည်းငယ်​အသံမာမာဖြင့်​ မြတ်​ထန်​က လှမ်းကာ​ခေါ်၏။
သက်​တန့်​က သူ့အခန်းမှ​နေ၍ ကပြာကယာအ​ပြေး​လေးထွက်​လာရင်း မြတ်​ထန်​နှင့်​နှင်းတို့၏ ​ရှေ့တွင်​​ခေါင်းငိုက်​လျက်​ရပ်​​နေသည်​။

သက်​တန့်​အ​နေဖြင့်​ မြတ်​ထန်​နှင့်​နှင်းတို့နှစ်​​ယောက်​​ဘေးခြင်းယှဉ်​လျက်​ရှိ​နေသည်​ကို ကြည့်​ဖို့ရန်​ အင်​အားမရှိ၍ ​ခေါင်းစိုက်​ထားခြင်းဖြစ်​သည်​။

"ဘာလိုလို့လဲ ကိုမြတ်​....နှင်းကို​ပြော​လေ...."

မြတ်​ထန်​က နှင်းစကားကိုခွန်းတုန့်​မပြန်​ သက်​တန့်​ကိုသာအကဲခတ်​ရင်း....

"ဒီအ​အေးကို သွားပြန်​ပြင်​ခဲ့ ငါ့အကြိုက်​ကိုမင်းပဲသိတယ်​......"

ဗု​ဒ္ဓေါ....သက်​တန့်​ရင်​ထဲ အမျိုးအမည်​မသိ​သော ​အေးချမ်းမှုများ​ပေါင်းစုံစီးဆင်းသွားသလို ထုံကျင်​ကာသွားရသည်​။ မြတ်​ထန်​စကားသည်​ မာ​ကျော​နေ​သော်​လဲ သူ့ကိုအ​လေးအနက်​ထားကာအနိုင်​​ပေးလိုသည့်​ အသွားအလာမျိုးဖြစ်သည်​။

က​လေးအ​တွေးWhere stories live. Discover now