episode 16

11.7K 570 26
                                    

က​လေးအ​တွေး.....(episode 16)
---------------------------------

''သွား...ကျက်​သ​ရေတုံးတယ်​​နောက်​ခါမလာခဲ့ကြနဲ့.....''

သက်​တန့်​က ခြံတံခါးဝရှိ ကြည်​သာကိုအပြင်​သို့တွန်းထုတ်​ကာ​ပြောလိုက်​ခြင်းဖြစ်​သည်​။မင်း​သွေးက အရှိန်​နှင့်​အပြင်​သို့​ရောက်​လာ​သော ကြည်​သာကို လှမ်းကာဖက်​လိုက်​သည်​။ကြည်​သာက နီရဲကာကုတ်​ခြစ်​ရာများဖြင့်​ပြည့်​​နေ​သော မင်း​သွေးကိုကြည့်​ရင်း တရှူးရှူးတရှဲရှဲဖြစ်​​နေသည်​။

''လက်​သန်​​ပြောင်​လိုက်​တာ.....နာ​နေ​သေးလားကိုကို.....''

''ဟင့်​အင်း...ညီ​ရော....''

သူ့​ရှေ့တွင်​ အဖြစ်​သည်း​နေ​သော ကြည်​သာတို့နှစ်​​ယောက်​ကိုကြည့်​ရင်း သက်​တန့်​သူ၏​အောက်​နှုတ်​ခမ်းကိုဖိကိုက်​ပြီး ရန်​စကားဆို၏။

''ခုမှအကဲပိုမ​နေကြနဲ့....''

''လာပါက​လေးရယ်​ ထားလိုက်​ပါ​တော့.....''

ဂျိန်း......

မြတ်​ထန်က​ဖြောင်းဖြ​ပေး​နေ၍ မခံချိမခံသာဖြင့်​ သက်​တန့်​က ခြံတံခါးကိုဂျိန်းခနဲမြည်​​အောင်​ပိတ်​လိုက်​သည်​။ပြီး​နောက်​ မြတ်​ထန်​ကို​တောင်​ ​စေ့​စေ့မကြည့်​​တော့ပဲ အိမ်​အတွင်းသို့​ဆောင့်​​အောင့်​ကာပြန်​ဝင်​သွားသည်​။မနက်​တုန်းက မြတ်​ထန်​အိမ်​မှမထွက်​ခင်​မြင်​​တွေ့ရ​သော ပုံမဟုတ်​...သက်​တန့်​သည်​ မြတ်​ထန်​မထင်​ရ​လောက်​​အောင်​ပင်​ ရင့်​သီးကာ​နေသည်​။ကိုယ့်​သူငယ်​ချင်းကိုထိုကဲ့သို့ပြုမူလိမ့်​မည်​ဟုမြတ်​ထန်​ မ​တွေးဖြစ်​ခဲ့...။ခု​မျက်​မြင်​မြင်​​တွေ့ရပြန်​​တော့လဲ ​တွေးရင်း​တွေးရင်းလန့်​ပင်​လာသည်​။ခပ်​​ပျော့​ပျော့ထင်​ထားသည့်​ လူတစ်​ဦး၏ မာန်​ကြွမှုသည်​ မြတ်​ထန်​ထင်​ထားသည်​ထက်​ပိုဆိုး​နေသည်​။

မြတ်​ထန်​က ခပ်​ကုတ်​ကုတ်​ဖြင့်​သာ သက်​တန့်​၏အ​နောက်​မှလိုက်​လာသည်​။

အိမ်​အတွင်းအ​ရောက်​ မြတ်​ထန်​ကဧည့်​ခန်းတွင်​ထိုင်​၍ သက်​တန့်​က​ဆေး​သေတ္တာဘူးကိုသွားယူသည်​။ခုနက​သွေး​ပူ​နေတုန်းကမသိသာ​ပေမဲ့ ခု​သွေး​အေးသွားသည်​နှင့်​ မျက်​နှာတစ်​ခုလုံးစပ်​ဖြင်းဖြင်းဖြစ်​လာသည်​။အ​ကောင်​သာ​သေးကြသည်​ နှစ်​​ယောက်​လုံး​ခေသူမဟုတ်​ဟုမြတ်​ထန်​ကသတ်​မှတ်​လိုက်​သည်​။သူတို့ထပ်​ ဗလ​တောင့်​သည့်​လူနှစ်​​ယောက်​ကို ခုန်​အုပ်​ကာရိုက်​ပုတ်​သည်​ကို ပြန်​မြင်​​ယောင်​ရင်း မြတ်​ထန်​ကြက်​သီးပင်​ထလာရသည်​။တော်​ပါ​သေး....ယခင်​အချိန် သူအနိုင်​ကျင့်​တုန်းက သက်​တန့်​ မည်​သို့မျှသူ့ကိုမလုပ်​ခဲ့သည်​က ကံ​ကောင်းသည်​ဟုဆိုရမည်​။

က​လေးအ​တွေးWhere stories live. Discover now