episode 19

9.9K 589 46
                                    

က​လေးအ​တွေး....episode 19
-------------------------------

တိတ်​ဆိတ်​​နေ​သော အိမ်​အတွင်း၌ ကြည်​သာက ​ခြေဖျား​လေး​ထောက်​ကာ စိုးရိမ်​​ကြောင့်​ကျစွာဖြင့်​ ဖွဖွ​လေးနင်းလျက်​အိမ်​​ပေါ်ထပ်​သို့တက်​သည်​။လက်​ကိုလဲ ​ရှေ့တွင်​​တံ​တောင်​​ကွေးက​ထောင်​လျက်​ တစ်​ဖက်​နှင့်​တစ်​ဖက်​ဆုပ်​ကိုင်​ကာထား၏။တစ်​လှမ်းခြင်းလှမ်းလာရင်း သက်​တန့်​၏အခန်းကိုရှာမိသည်​။လှေကား​ဘေးတွင်​ အခန်းသုံးခန်းကတစ်​ဆက်​တည်းဖြစ်​၏။အခန်း၏အ​ရှေ့တွင်​မှ ဧည့်​ခန်းသဖွယ်​ဆက်​တီများကိုခင်းထားသည်​။ အခန်းသုံးခန်းတွင်​ နှစ်​ခန်းမှာ​မှောင်​မဲ​နေပြီး တစ်​ခန်းကမီးဖွင့်​ထားသည်​။ထို့အတူ ဧည့်​ခန်းကိုလဲမီးဖွင့်​ထား၏။

သက်​တန့်​ခနက ဆင်းသွားသည်​ဖြစ်​၍ မီးလင်း​နေ​သောအခန်းကို သက်​တန့်​အခန်းဖြစ်​မည်​ဟုကြည်​သာက​တွေးသည်​။အခန်းသုံးခန်းတွင်​ အလယ်​ခန်းသည်​ သက်​တန့်​၏အခန်းမှန်း ကြည်​သာသိ​သော်​လဲ အခန်းကိုမ​ရေတွက်​​တော့ပဲ တစ်​ဖက်​ရှိ မီးဖွင့်​ထား​သောအခန်းကိုသာ သတ်​မှတ်​လိုက်​သည်​။အခန်းကိုမ​ရေတွက်​မိခြင်းမှာလဲ ​ကြောက်​လန့်​မှု​ကြောင့်​ ​ခေါင်းကိုငုံ့ကာ​လျှောက်​​နေမိခြင်းလဲပါသည်​။

ဟထား​သောအခန်းတံခါးကို ​ဖြေး​ဖြေး​လေးတွန်းဖွင့်​ရင်း ကြည်​သာ ​ခေါင်းကိုငုံလက်​ကိုဆုပ်​ကာ ထိတ်​လန့်​စွာဖြင့်​လှမ်းဝင်​သည်​။

''သား​လေး...​ဖေ​ဖေနဲ့အိပ်​မို့လား.....''

ပလုတ်​သုတ်​....​ဖေ​ဖေဆိုသည့်​ စကားသံကြားရသည်​နှင့်​ကြည်​သာအခန်းမှားဝင်​လာမှန်းသတိ​ထားမိတော့သည်​။မဝံ့မရဲဖြစ်​ ကြည်​သာက​ခေါင်းငုံ့ရာမှမျက်​ခွံပင့်​ကာကြည့်​မိသည်​။ဦး​အောင်​​သွေးသည်​ ကုတင်​​ခေါင်းရင်းကိုမှီကာ စာအုပ်​ကိုစိတ်​ပါဝင်​စားကာဖတ်​​နေ​သော​ကြောင့်​ သူ့ကို​ကောင်း​ကောင်းမမြင်​နိုင်​ခြင်းဖြစ်​မည်​။အခန်းမှားဝင်​လာတာဟု ​ပြောဖို့ကလဲ သူ့အသံ​ကြောင့်​မှတ်​မိနိုင်​သည်​။မထူး​တော့သည်​အဆုံး ကြည်​သာက ''အင်း...''ဟု သာသာ​လေး​ပြောကာ ဦး​အောင်​​သွေးကကုတင်​ဘယ်​ဘက်​မှာထိုင်​​နေ၍ ကုတင်​ဟိုဘက်​ခြမ်းသို့​လျှောက်​သွားသည်​။ကုတင်​​ဘေး​ရောက်​သည်​နှင့်​ ကြည်​သာသည်​ အလျင်​စလို ဝင်​လှဲလိုက်​ကာ ​စောင်​ကို​ခေါင်းမြီးခြံကာအိပ်​လိုက်​သည်​။အိပ်​သည်​ဆို​သော်​လဲ ထိတ်​လန့်​မှုများဖြင့်​ အိပ်​၍မ​ပျော်​ ​ချွေး​များပင်​ရွှဲရွှဲစို​နေ​တော့သည်​။ရှိရှိသမျှ သတ္တဝါအားလုံးကို​မေတ္တာပို့ရင်း မျက်​လုံးကိုကြိတ်​မှိတ်​ညှစ်​ပိတ်​လိုက်​သည်​။

က​လေးအ​တွေးWhere stories live. Discover now