epi 4 unicode

649 34 1
                                    

ကလေးအတွေး.....episode 4
===================

သက်တန့်တို့ လက်ဘက်ရည်ဆိုင်သည် အိမ်နှင့် တွဲဖွင့်ထားသောဆိုင်ဖြစ်သည်။
ပေ၆၀ပေ၅၀ခန့်မျှကျယ်သော ခြံဝင်းကို ရှေ့တွင် နှစ်ထပ်တိုက်ဆောက်ထားပြီး အပေါ်ထပ်တွင် သူတို့မိသားစုနေ၍ အောက်တွင် လက်ဘက်ရည်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ဆိုင်၏အနောက်တွင်တော့ waiter အလုပ်သမားမ်ားနေရန် တန်းလ်ားလေးရှိသည်။ခြံ၏သုံးပုံနှစ်ပုံလောက်ကိူ လက်ဖက်ရည်ဆိုင်ကလွှမ်းခြုံ၍ထားသည်။

စိတ်ပျက်အားငယ်စွာပင် ကားပေါ်ကဆင်းသည်နှင့် လေးတိလေးကန်ဖြစ် သက်တန့်ကဆိုင်အတွင်းသို့လှမ်းဝင်သည်။ကောင်တာတွင်မေမေတို့ကိုမတွေ့ရပေ...။အပေါ်ထပ်တွင် ဘုရားရှိခိုးနေခြင်းဖြစ်နိုင်သည်။

''ပြန်လာပြီလားဟင်.......''

ခရီးရောက်မစိုက် လုံ့လဝိရိယရှိကာ ဆိုင်တွင်စောင့်ကြိုနေသော ကြည်သာက သက်တန့်ကို စပ်စပ်စုစုလေးမေး၏။ကြည်သာသည်လဲ သက်တန့်ကြုံနေရသော အခက်အခဲကိုသိမဲ့ပုံမပေါ်....။သိနိုင်မည်လဲမဟုတ်......။သိပြန်ရင်လဲ သူ့ကိုပြန်လှောင်မည်ဆိုးသောကြောင့် သက်တန့်က မဖွင့်ပြောတော့ပဲ......ခြေပစ်လက်ပစ်ပင် ကောင်တာဘေးဝိုင်းရှိ ကြည်သာထိုင်နေရာစားပွဲတွင်ဝင်ကာထိုင်သည်။

''မင်းမပြန်သေးဘူးလားကြည်သာ...ဘာလုပ်နေတါလဲမှောင်နေပြီ.......''

''မင်းကိုစောင့်နေတာ အခြေအနေဘယ်လိုလဲ...အဆင်ပြန်ပြေသွားပြီလား.....''

အရမ်းကိုပင် စပ်စုလွန်းသောကြည်သာကို စိတ်မရှည်စွာပင် သက်တန့်က 'ဂေါက်'ခနဲမြည်အောင် ခေါင်းခေါက်ချလိုက်သည်။

''စောက်ကောင်ရယ်....ဒီကိစ္စတွေအကုန်မင်းကြောင့်ဖြစ်တာ....မသာကောင်ရဲ့သိလား....''

''ငါ့ကဘာလုပ်လို့တုန်း......''

အားနဲ့ခေါက်မှုကြောင့် နာကျင်သြားသော ခေါင်းကို ကြည်သာကပွတ်သပ်ရင်း သနားစွာဖြင့်စကားဆိုနေသည်။ဘယ်လိုပင်အသနားခံခံ သက်တန့် က ကြည်သာကိုကြည့်ရင်း အမြင်ကပ်လာသည်။ဒီကိစ္စတွေအကုန်လုံးသည် ကြည်သာကြောင့်ဖြစ်ရသည်။ပြသနာအရင်းအမြစ်သည် ကြည်သာဖြစ်၏။သူသာ ထိုနေ့က မကြွားခဲ့ရင် သက်တန့်လဲ ဂျေဝင်စရာအကြောင်းမရှိပေ...။ဂျေမဝင်၍ ဦးမြတ်ထန်နှင့်ကိစ္စကို အဟုတ်လုပ်ပြောဖြစ်မည်မဟုတ်....။ဟိုအရာရာစပ်စုတတ်သော အယ်ဒီတာသည်လဲ ကြားမှာမဟုတ်ပေ....။ဘာမှမဟုတ်သည့် အသေးအမွှားလေးသည် သည်လောက်ပင်ကြီးထွားသွားတတ်သည်လား......။ခုတော့ အမှိုက်ကစပြသဒ်မီးလောင်သကဲ့သို့ အိမ်တွင်ဘုရင်တစ်ပါးလိုနေခဲ့သော သက်တန့်ဘဝသည် နတ်သက်ကြွေကာ အိမ်ဖော်ဘဝရောက်ရတော့မည်။ဦးမြတ်ထန်ဆိုသည့်လူသည်လဲ မာနကြီးလွန်း၍ သူ့ကိုထိပါးထားသော သက်တန့်ကိုညှာတာမည်မဟုတ်မှန်းသက်တန့်သိသည်။

က​လေးအ​တွေးWhere stories live. Discover now