epi 15 uni

1.7K 40 12
                                    

ကလေးအတွေး......(episode 15)
----------------------------------

''တီးတောင်.....တီးတောင်....''

အိမ်ရှေ့မှာဘဲလ်တီးသံကြားသည်နှင့် ဧည့်ခန်းရှိဆိုဖာတွင်ဘေးတစ်စောင်းထိုင်နေရာမှ သက်တန့်ဖြေးညှင်းစွာထလိုက်သည်။ထိုင်နေတုန်းကမသိသာ သော်လည်း ထပြီးသည့်နောက် ဒူးကညွတ်ချင်ချင်ဖြစ်လာသည်။ခါးကလဲနာသလို တင်ပါးကလဲအောင့်သလိုဖြစ်နေသည်။တစ်ကိုယ်လုံး မက်ကင်ရာမ်ားကြောင့်လဲ ဖုံးကွယ်မှုပြုရန် သိုးမွှေးဆွယ်တာကြီးကို ဝတ်ပြီး လည်ပင်းကို မာဖလာမရှိသည့့်အတွက် သက်တန့်ကချွေးသုတ်သဘက်အသေး ပက်ကာထားသည်။

ပထမစလှမ်းလိုက်သည်နှင့် သက်တန့်တစ်ချက်ယိုင်သြား၏။ပေါင်ကကြနေ၏။ကွနေသည့်အတိုင်းလျှောက်လို့တော့မဖြစ်.....။ပေါင်ကိုအားတင်းရင်းစိလိုက်တော့ စပ်ဖြင်းဖြင်းအရသာကြီးကလဲတစ်ဆက်တည်းပေါ်ပေါက်လာသည်။ပေါင်ကိုစိပြန်တော့လဲ ပြန်ကား၍မရတော့ချေ။တော်တော်ဆိုးသည့်ဝေဒနာကြောင့် သက်တန့် သက်မမြှင်းမြှင်းလေးချမိပါသည်။

ပေါင်ခြင်းပူးကပ်ကာဖြင့် တတုန်တုန်တရင်ရင့်် ဖင်ကိုတွန့်လိမ်ကာလျှောက်ရင်းဟန်မပြတ်သည့်ပုံစံအသွင်ဆောင်ကာ သက်တန့်ခြံအတွင်းသို့ဆင်းသွားသည်။

သူ့ဝေဒနာကို သူသာသိသည်။ခြံအပြင်ရှိ အမျိုးကောင်းသားကြည်သာနှင့်သူ့ရဲ့ရည်းစားကိုကိုက သက်တန့်ကိုမြင်သည်နှင့် လက်ကာပြသည်။ကြည်သာက ခုမှပြန်ဆုံရ၍လဲ ပျော်နေသည်။မြူးနေသည်။မပျော်နိုင်မမြူးနိုင်သည်ကသက်တန့်သာဖြစ်သည်။

ခြံဝင်းတံခါးဖွင့်လိုက်သည်နှင့် ကြည်သာကအပြေးကလေးသက်တန့်ကိုပြေးဖက်သည်။

''ငသွေးရယ်...သတိတွေရနေတာဖုန်းဆက်ဖော်တောင်မရဘူးနော်.....''

''အချုပ်ဇယားလာမခင်းနေနဲ့...ငါအိမ်ပြန်လာတာမနေ့ကမှ.....''

''ဟီး...အေးနော်...ဒါနဲ့...မင်းမနေ့ကပြန်သြားတာအကောင်းကြီးပါ...ဒီနေ့မှဘယ်လိုဖြစ်လို့လူမမာပုံပေါက်သြားတာလဲ.....ကြည့်ပါဦးမျက်တွင်းတွေကချိုင့်ဝင်နေတယ်....''

ကြည်သာ၏ခပ်ဘွင်းဘွင်း ပြောချလိုက်မှုကြောင့်သက်တန့်ရှက်ကိုးရှက်ကန်းလေးဖြစ်လာသည်။

က​လေးအ​တွေးWhere stories live. Discover now