episode 7

9.3K 652 29
                                    

က​လေးအ​တွေး.....(episode 7)
-----------------------

သက်​တန့်​၏ ထမင်းချက်​ပညာကို ​ကောင်း​ကောင်းသိသွား​သော မြတ်​ထန်​က ထမင်းမချက်​ခိုင်း​တော့ပဲ.....အငှါးဖြင့်​သာချက်​ခိုင်း​တော့သည်​။သို့​သော်​ထိုသို့ပြုလုပ်​ပုံကို သက်​တန့်​ကသ​ဘောမ​တွေ့​ချေ....။မြတ်​ထန်​စိတ်​ထဲ သူ့ကှိုအသိအမှတ်​ပြုမှု​လေး​တော့လိုချင်​​မိသည်​။အများအပြားမဟုတ်​လျှင်​​တောင်​ တစ်​​နေရာစာ​လေးရရင်​ပင်​သူ​ကျေနပ်​သည်​။ဘာ​ကြောင့်​ မြတ်​ထန်​၏ဂရုစိုက်​မှု အ​လေးထားမှု ကြင်​နာမှုတို့ကိုလိုချင်​​နေမှန်းလဲသူ့ကိုသူမသိ​ပေ....။သူသိသည်​က မြတ်​ထန်​၏ကြင်​နာယုယမှုနှင့်​ဂရုစိုက်​မှုအ​ပေါ်တွင်​ သူသာယာလိုခြင်းသာဖြစ်​သည်​။ထိုသည်​ကိုအမည်​တပ်​ရန်​မှာလဲ ခက်​ခဲလွန်းလှသည်​။

ထမင်းချက်​တတ်​ချင်​​သော်​လဲ အငှါးအ​ဒေါ်ကြီးဆီတွင်​ မသင်​လိုသည့်​ သက်​တန့်​၏မာန​လေးကကန့်​လိုက်​တိုက်​​နေသည်​။ကိုယ့်​ထက်​ နိမ့်​​သော​နေရာမှာရှိတဲ့သူဆီကတပည့်​မခံလို​ပေ...။ဖြစ်​နိုင်​လျှင်​ တစ်​ရက်​ရက်​​တော့ မြတ်​ထန်​ဆီကခွင့်​​တောင်း၍ အိမ်​တွင်​​မေ​မေဆီကပြန်​သင်​မည်​ဟုသက်​တန့်​ကစိတ်​ကူး၏။

ဒီ​နေ့​တော့ မြတ်​ထန်​၏အဝတ်​များကို​လျှော်​ရမည်​ဖြစ်​​သော​ကြောင့်​ ခြင်း​တောင်းအပြည့်​အဝတ်​အစားများကို မနိုင်​မနင်းသယ်​လာပြန်​သည်​။ဘယ်​ကတည်းကခိုင်းဖို့စိတ်​ကူးပြီးစုထားသည်​မ​ပြောတတ်​....အကျယ်​​လေး​ပေ...အမြင့်​၎​ပေခန့်​ရှိ​​သောခြင်း​တောင်းပင်​ ပြည့်​လျှံထွက်​​နေသည်​။မီးဖို​ခန်း​ဘေးရှိ အဝတ်​​လျှော်​ရန်​​ရေချိုးခန်းအတွင်းသို့ သက်​တန့်ဝင်​လိုက်​သည်​နှင့်​မြင်​​တွေ့လိုက်​ရ​သော အဝတ်​​လျှော်​စက်​ကိုကြည့်​ရင်း စိတ်​ဓာတ်​ကျသွားရသည်​။အဝတ်​​လျှော်​စက်​ဆိုသည်​ကို နာမည်​သာကြားဖူးပြီး မည်​သို့မည်​ပုံကိုင်​တွယ်​အသုံးပြုရမည်​ကိုမသိ​ပေ...။ထိုသို့​သော...အိမ်​မှုကိစ္စကိုတစ်​ခုမှမသိ​သောသူသည်​အရမ်းပင်​ညံ့လွန်း​နေ၍များလား...။သို့​သော်​လဲ....သူက​ယောက်ျား​လေးပဲ....အိမ်မှု​ကိစ္စဆိုသည်က​​​ယောက်ျား​လေးတစ်​​ယောက်​ပြုလုပ်​သင့်​သည့်​အလုပ်​ကိစ္စမှမဟုတ်​တာ....။သူမတတ်​ခြင်းမှာအပြစ်​မဟုတ်​ဟု ကိုယ့်​ဘာသာကိုယ်​အား​ပေးလိုက်​၏။

က​လေးအ​တွေးWhere stories live. Discover now